Final Part ( Unicode )

343 20 0
                                    

" ကျွန်တော်ရောက်ပြီ Daddy ဘယ်လိုဖြစ်တာလဲ "

ဦးမင်းသူရမောင် သားဖြစ်သူကို ခေါင်းငြိမ့်ပြလိုက်ပြီး သက်ပြင်းချလိုက်၏။ ဘေးနားတွင် Uniform ဝတ်ဆင်ထားသော ဆရာဝန်၊သူနာပြု၊ရဲဝန်ထမ်းတွေအပြင် အလွတ်တမ်းစုံထောက်တွေလဲ ရှိနေသည်။

" မင်း အိမ်ကနေထွက်သွားတဲ့ညမှာ အနွံတာက Daddy ကို သူ Kနိုင်ငံမှာ ဆေးကုသဖို့သဘောတူကြောင်း ပြောလာတယ် "

" .... "

" အနွံတာကအရင်ထက်ပိုပြီး စကားနားထောင်လာတယ် ဆေးလဲသောက်ပြီး ပြုံးရယ်လာတယ် အရင်ကသူကိုယ်သူ ထိခိုက်အောင်လုပ်ဖို့ အမြဲကြိုးစားနေတဲ့ သူပုံစံနဲ့လုံးဝကွာခြားသွားတော့ Daddy လဲ အနွံတာစကားတွေကို ယုံကြည်ပြီး သတိပေါ့ဆမိခဲ့တယ် ဒီနေ့နဲ့ဆို သူပျောက်သွားတာ သုံးရက်ရှိနေပြီ "

" ......"

" Daddy တို့ဘက်ကလဲ ဘယ်သူမှမသိအောင် အတတ်နိုင်ဆုံးကြိုးစားရှာနေပေမယ့် အခုထိသဲလွန်စမရသေးဘူး Daddy စိုးရိမ်တာ အနွံတာကမင်းဆီ ရောက်လာမှာကိုပဲ "

" အဲအတွက်တော့ မစိုးရိမ်ပါနဲ့ Daddy အနွံတာက အချိန်အကြာကြီးနေမကောင်းဖြစ်နေတဲ့သူ ပြီးတော့ သူကကျွန်တော်တို့ မျက်စိအောက်မှာပဲ ကြီးပြင်းလာတဲ့သူ တရားဥပဒေနဲ့မလွတ်ကင်းတဲ့ ကိစ္စမျိုး ဒီကလေး မလုပ်ရဲပါဘူး "

သူ့လေသံက ယုံကြည်ချက်ရှိရှိ သေချာနေပေမယ့် လူဆိုတာ ပြောင်းလဲတတ်တယ်ဆိုတဲ့ ခံယူချက်ကတော့ မသိစိတ်ထဲလှိုက်စားနေဆဲ။

ဆက်ပြီး ဒီနေ့အထိအနွံတာခြေရာကို ကောက်နိုင်ခဲ့သမျှက Hနိုင်ငံမှာတင် ရပ်တန့်သွားကြောင်း ဦးမင်းသူရမောင်ငှားရမ်းထားတဲ့ အလွတ်တမ်းစုံထောက်များက ပြောသည်။

" ထပ်ပြီး လူအင်အားတိုးလိုက်ပါ  အနွံတာက နေမကောင်းဘူး သူတစ်ခုခုဖြစ်နေမှာ ကျွန်တော်စိုးရိမ်မိတယ် "

မင်းဒဿမောင်စကားကို Daddy က ထောက်ခံသည်။ အနွံတာကို စိုးရိမ်တာလဲပါပေမယ့် အနွံတာကြောင့် အပြစ်မဲ့တဲ့တစ်ခြားသူတွေ ထိခိုက်မှာကို ပိုစိုးရိမ်မိသည်။

အနွံတာ ဘေးကင်းကင်းနဲ့အိမ်ပြန်ရောက်ပြီး ဆေးကုသမှုအမြန်ဆုံး ခံယူတာအကောင်းပင်။

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Where stories live. Discover now