၂၉ (Unicode)

1.8K 77 16
                                    

ပြတင်းပေါက်အပြင်က နေလုံးကြီးက တောက်ပစွာ လင်းထိန်းနေခဲ့ပေမယ့် မိုးစက်အခန်းထဲမှာတော့ အမှောင်ချလို့ထားသည်။ အခန်းထဲကနေ ခြေတစ်လှမ်းတောင် လှမ်းလို့မရခဲ့တာ ဘယ်နှစ်ရက်ရှိနေပြီလဲ သူမမှတ်မိတော့ဘူး။

မှောင်နေတာပဲ ကောင်းပါတယ်

စောင်ကို ခေါင်းထိခြုံထားလိုက်ပြီး အေးစိမ့်နေတဲ့အခန်းတွင်း အအေးချိန်ကြောင့် မိုးစက် အိပ်ပျော်သွားတော့သည်။

အအိပ်စက်တဲ့လူတစ်ယောက်မို့ သူ့ပါးကိုတစ်ယောက်ယောက်ထိနေတဲ့ အထိအတွေ့ကြောင့် မိုးစက်နိုးလာခဲ့သည်။ သူ့ပါးကို နူးညံစွာလာထိတဲ့ လက်ချောင်းတွေရဲ့ပိုင်ရှင်က မောင် ဖြစ်နေတယ်။

" မထိနဲ့ "

မိုးစက် ကြမ်းတမ်းစွာနဲ့ လက်ချောင်းတွေကို သူ့အနားက ဖယ်ရှားလိုက်တော့ မောင်က သဘောကျစွာ ရယ်ပြီး ပြောလာသည်။

" ဒီလောက်လေးထိတာ မခံနိုင်ရင် "

မင်းဒဿမောင် မက်မွန်သီးလေးရဲ့ နားအနားကပ်လိုက်ပြီး

" မင်္ဂလာဦးညကျရင် ဘယ်လိုလုပ်မလဲ "

မိုးစက် မျက်နှာရဲသွားသည်။ ရှက်လို့တော့မဟုတ်ပေမယ့် ဒေါသထွက်လာတာကြောင့်။ အရင်ကသာ မောင် သူ့ကိုဒီတိုင်းစရင် သူရှက်လွန်းလွန်း ထွက်ပြေးချင်မယ်ဆိုပေမယ့် အခုတော့ သူ့ကိုစော်ကားနေသလိုပဲ။

" မင်းလို လူတိုင်းနဲ့အိပ်နိုင်တဲ့ကောင်အတွက် ယောက်ျားမရှားဘူး အဲယောက်ျားထဲမှာတော့ ငါဘယ်တော့မှ ထပ်ပါမှာမဟုတ်ဘူး မင်းဒဿမောင် "

" ကျစ် "

မင်းဒဿမောင်ရဲ့ ဒီည Wedding အတွက် စိတ်လှုပ်ရှားနေတဲ့ ခံစားချက်လေးက လွင့်ပယ်လို့သွားသည်။

" စကားတစ်ခွန်းပြောတိုင်း အရင်က ကိစ္စတွေ ထည့် ထည့်မပြောလို့မရဘူးလား ဟမ် မိုးစက်သာ ကျုပ် အခုကစပြီး ခင်ဗျားတစ်ယောက်တည်းနဲ့ပဲ အိပ်မှာမလို့ ကျုပ်ကို ယုံကြည်လိုက်စမ်းပါ "

" ဟက် နောက်ဆုံးတော့လဲ မင်းစရိုက်အမှန်ပေါ်လာတာပဲ "

" မဟုတ်ဘူး မောင်အဲလိုသဘောပြောတာမဟုတ်ဘူး မိုး "

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Where stories live. Discover now