၄၂ (Unicode)

1.2K 63 3
                                    

နာရီဝက်လောက် ကြာသွားပေမယ့်လည်း မိုးစက် နွေးထွေးပြီး သက်တောင့်သက်သာဖြစ်လွန်းတဲ့ သူမွီထားတဲ့ မောင်ရင်ခွင်ကနေ မထွက်ချင်သေးပေမယ့် ဆန္ဒကို မျက်ကွယ်ပြု ပြီးရုန်းထွက်လိုက်သည်။

"အဆင်ပြေပါတယ် မိုး ဒီထက်ပိုပြီး မောင်ကို မှီခိုလို့ရတယ် "

တည်ငြိမ်လွန်းတဲ့ မောင်ရဲ့စကားတွေကြောင့် မိုးစက် နှလုံးသား အရူးလုပ်ခံရလုနီးနီးပဲ ။အကြောင်းမှာ မင်းဒဿမောင်ရဲ့ ဖုန်းမျက်နှာပြင်မှာ ပေါ်လာတဲ့ အနွံတာဆိုတဲ့ ဖုန်း Call လေးကြောင့် ဖြစ်သည်။

" ဟက် "

မိုးစက် ခြောက်ကပ်ကပ်နဲ့ ရယ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

" နေဦး မိုးထင်သလို မဟုတ္ဘူး မောင် ရှင်းပြမယ် "

မိုးစက်လဲ ထပ်ထွက်ပြေးဖို့ မကြို းစားတော့ဘဲ မင်းဒဿမောင်နဲ့ မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

" ရှင်းပြမယ် မင်းကငါ့ကို ဘာရှင်းပြချင်တာလဲ မလိုပါဘူး မင်းမေ့နေမှာဆိုးလို့ ငါထပ်ပြောပြမယ် ငါတို့နှစ်ယောက်က ကွာရှင်းပြီးတဲ့ သူစိမ်းတွေပဲ မင်းဘာသာ နောက်ထပ်ဘယ်သူကိုပဲ ချစ်ချစ် ငါနဲ့မဆိုင်ဘူး ဂရုလည်းမစိုက်ဘူး "

အေးစက်စက် မိုးစက်ရဲ့စကားလုံးများမှာ ဒေါသသံများ ပါဝင်လို့နေသည်။

" မဟုတ္ဘူး မောင်တို့က သူစိမ်းတွေမဟုတ်ဘူး "

စိမ်းကားလွန်းနေတဲ့ မိုးရဲ့ စကားလုံးတွေက သူရဲ့ နှလုံးသားကို နင်းခြေနေသလိုပဲ ။

ညှာတာမှု တစ်ချက်လေးတောင်မရှိဘဲ သဘောခွေ့တိုင်း နင်းခြေနေတဲ့ ခြေဖဝါးလေးအောက် ကြွေမွနေတာ သူ့နှလုံးသားလေးလား

သူရှေ့ခြေတစ်လှမ်းတိုးတိုင်း သူ့ရဲ့မြတ်နိုးရာလေးက နောက်ကို ပိုပိုပြီး ဆုတ်ခွာသွားတာမို့ မင်းဒဿမောင် ခြေလှမ်းတွေကို ရပ်တန့်လိုက်ရသည်။

"....."

" မောင် အခုထိ ကွာရှင်းဖို့ သဘောမတူနိုင်ဘူး နောက်လဲ သေဘာတူမွာ မဟုတ္ဘူး တစ်သက်လုံး မိုးစက္သာဆိုတဲ့ လူသားက မောင်အမျို းသား ဖြစ်နေမှာပဲ မိုးလဲ သိပါတယ် ကွာရှင်းတယ်ဆိုတာ နှစ်ဦးသဘောတူမှ တရားဝင်တယ်ဆိုတာ ဟုတ္တယ္မလား "

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Where stories live. Discover now