" ကိုကို မနေ့ကဘာလို့မပြောဘဲ ပြန်သွားတာလဲ "
သူ့လက်မောင်းကို ဖက်တွယ်ထားတဲ့ အနွံတာရဲ့ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး မင်းဒဿမောင် ရယ်သွမ်းသွမ်းနဲ့ပြောလိုက်တယ်
" sorry ကိုယ်မှာ အရေးကြီး ကိစ္စရှိနေလို့ "
တစ်ဆက်တည်းမှာပဲ မိုးစက်ဘက်ကို လှည့်ကာပြောလိုက်သည်။
" မိုး ဒါမောင်ရဲ့ အဖေတူမအေကွဲ ညီ အနွံတာတဲ့ "
ဒီတစ်ခါတော့ မင်းဒဿမောင် သူ့လက်မောင်းကို ဖက်တွယ်ထားတဲ့ အနွံတာရဲ့လက်တွေကို ဖြုတ်ချလိုက်ပြီး မိုးစက်ကို မိတ်ဆက်ပေးလိုက်သည်။
" တွေ့ရတာ ဝမ်းသာပါတယ် "
အနွံတာ သူရှေ့က ကိုကိုစွဲလမ်းနေတဲ့သူကို ခေါင်းစခြေဆုံး ကြည့်လိုက်သည်။ သာမာန်ပါပဲ ဘာမှလဲ မထူးခြား ကိုကိုအကြိုက် သေးသေးသွယ်သွယ်ပုံစံလဲမဟုတ်ဘူး။ ဒါကြောင့် ကိုကိုက အရင်ကလူတွေထက် ဒီတစ်ယောက်ကို ပိုကစားနေတာလား
မိုးစက် နှုတ်ဆက်လိုက်ပေမယ့် တစ်ဖက်က သူ့ကို ခေါင်းစခြေဆုံး ကြည့်နေတာမို့ နေရခက်လာသည်။သူနေခက်နေတာကို မောင်က ရိပ်မိသွားသည်ထင်။ မောင်က ကြားထဲက မိတ်ဆက်ပေးလာသည်။
" အတာ ဒါက မိုးစက်သာတဲ့ ကိုယ်ရဲ့ ချစ်သူ "
မိုးစက် မောင်ရဲ့တိုက်ရိုက်ဆန်လွန်းတဲ့ မိတ်ဆက်မှုကြောင့် ရှက်သွားပြီ မျက်နှာလေးရဲသွားသည်။ မောင်က တည့်တိုးကြီး မိတ်ဆက်ပေးလိုက်တော့ သူရှက်တာ မဆန်းပါဘူး ။ မောင် ညီလေး သူ့ကိုအမြင်မကြည်တော့မှာပဲ ဆိုးတယ်။
တစ်ကယ်တော့ လူတိုင်းကသိပေမယ့် မသိချင်ယောင်ဆောင်ထားကြခြင်းသာ
"အတာလဲ တွေ့ရတာ ဝမ်းသာပါတယ် "
အနွံတာ မိုးစက်ကမ်းထားတဲ့ လက်ကို မမြင်ချင်ယောင်ဆောင်ပြီး မိုးစက်ကို လှမ်းဖက်လိုက်သည်။ မိုးစက်ထက် လူကောင်းလဲသေးပြီးပုတာမို့ မိုးစက်ခါးတောင် ကုန်းပေးလိုက်ရသည်။
မိုးစက် နားအနားကပ်ကာ တိုးတိုးလေးပြောလာတဲ့ အနွံတာရဲ့ စကားတစ်ခွန်းကြောင့် မိုးစက် ကြောင်အသွားသည်။
ESTÁS LEYENDO
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Ciencia FicciónCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...