၃၃ ( Zawgyi )

392 8 2
                                    

" သာသာ ... "

ထိုနေရာကို ရောက်လာသူက နှင်းစက်သာဖြစ်သည်။ မနက်စာစားပြီး အတူဆော့ဖို့ သာသာကို လိုက်ရှာပေမယ့် မတွေ့တာမို့ နှင်းလေး ယောင်လည်လည်နဲ့ ဥယျာဉ်ဘက် ရောက်လာခဲ့သည်။ အစကတော့ ဘာဖြစ်နေမှန်းမသိပေမယ့် တစ်ဖက်ကလူက သာသာကို တွန်းလိုက်တာကို မြင်လိုက်ရတော့ နှင်းလေးထိတ်လန့်သွားတယ်။

အမြန် သာသာအနားပြေးလာပြီး ထူကြည့်လိုက်တော့ သာသာက မျက်လုံးမှိတ်ထားပြီး သူခေါ်တာကိုတောင် ပြန်မထူးဘူး။ နီနီရဲရဲနဲ့ သွေးတွေက ဂါဝန်ပန်းရောင်လေးမှာ လာစွန်းထင်းတော့ နှင်းလေး ရှိုက်ကြီးတငင်ငိုချလိုက်သည်။

"သာသာကို ခေါ်လို့မရတော့ဘူး ...အီးဟီး "

ရုတ်တရက် ငိုနေရာကနေ ထလာပြီး သူ့ကို စိုက်ကြည့်နေတဲ့ကောင်မလေးကြောင့် အနွံတာ တုန်လှုပ်သွားသည်။ ဒီကောင်မလေးကို ကြည့်ရတာ သူ့ထက်ကြီးမဲ့ပုံပေါ်နေပေမယ့် ကျပ်မပြည့်တာလား ။

" နင် ... နင်တွန်းလိုက်တာ ငါ့တွေ့တယ် "

" ဘာ...ဘာတွေလာပြောနေတာလဲ ငါ တွန်းတာမဟုတ်ဘူး သူတို့ဘာသာ ကလေးချင်း ရန်ဖြစ်ရရင်း တွန်းမိကြတာ "

အနီးနားကိုလှည့်ပတ်ကြည့်လိုက်တော့ သူတို့လေးယောက်အပြင် တွေ့တာမလို့ အနွံတာ ပြောင်လိမ်လိုက်သည်။ ကိုကိုက သူ့ကိုချစ်တယ် အလိုလိုက်တယ်ဆိုပေမယ့် ဒီကလေးက မိုးစက်သာဆိုတဲ့ကောင်ရဲ့ကလေးဖြစ်နေတယ်မလား။

" လူလိမ်ကောင် နင်ကို ရိုက်ပစ်မယ် "

နှင်းလေးမှာ ချက်ချင်းလူလိမ်ကောင်ဆီပြေးသွားလိုက်ပြီး ဆံပင်ဆောင့်ဆွဲလိုက်သည်။ ဆံပင်ကို လက်ကနေအလွတ်မခံပဲ လက်နှစ်ဖက်နဲ့ မြဲမြံစွာ ဆုပ်ကိုင်ထားပြီးပြောလိုက်သည်။

" မှတ်ပြီလား ငါ့သာသာကို လုပ်တာ သေစမ်း ဆံပင်တွေ အကုန်ပြောင်သွားအောင် ဆွဲပစ်မယ် "

အနွံတာလဲ လျှင်မြန်လွန်းတဲ့ ဒီအရူးမရဲ့လက်ချက်ကြောင့် ဦးရေပြားတွေ ကြိမ်းထွက်နေအောင် နာကျင်ပြီး ဘာမှပြန်မလုပ်နိုင်ခဲ့။

"အရူးမ ငါကိုလွှတ်စမ်း လွှတ်လို့ပြောနေတယ် "

အနွံတာလဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး အရူးမကို တွန်းထုတ်ပစ်လိုက်သည်။ ဒီတစ်ခါတော့ ဟိုစောက်ကလေးကို တွန်းပစ်တာထက် ပိုပြီးအားထည့်ထားပြီး တွန်းပစ်ခဲ့သည်။

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Where stories live. Discover now