၃၁ ( Unicode )

1.4K 81 17
                                    

ခမ့်ဟိန်း အိမ်ပြန်ရောက်တော့ ည ၁၁ ခွဲနေပြီ။ ည ၉နာရီလောက်ကတည်းက အိမ်ကြီးထဲ ဝင်သွားတဲ့ သတိုးသားနှစ်ယောက်က ပွဲပြီးတဲ့အချိန်ထိ ပြန်ထွက်မလာတော့။ သူပဲ ပွဲပြီးတဲ့အထိ အကုန်စီစဥ်နေရတာနဲ့ အိမ်ပြန်ချိန် နောက်ကျသွားခဲ့သည်။

ပြန်မလာတာကြာပြီဖြစ်တဲ့ သူ့အိမ်လေးက သူထွက်သွားတုန်းကအတိုင်း ရှုပ်ပွနေသည်။ အရင်က ကိုပြည့်က အမြဲသန့်ရှင်းပေးနေလို့ သူအိမ်လေး ရှင်းလင်းနေတာကို သတိထားမိသွားသည်။

အဲ့နေ့ပြီးကတည်းက ကိုပြည့်ဆီကို တစ်ခါမှ မဆက်သွယ်ခဲ့ဘူး။ ကိုပြည့်ဆက်သွယ်လာရင်လည်း သူ့ဘက်က လစ်လျူရှုခဲ့တာကြီးပဲ။ အလုပ်အတွက်သုံးတဲ့ဖုန်းကို သိမ်းလိုက်ပြီး အမြဲစက်ပိတ်ထားတတ်တဲ့ ဖုန်းလေးကို ဖွင့်လိုက်တော့ အဝင်ကောများစွာနဲ့ massage များစွာဝင်နေကြောင်း ဖုန်းsystem က သတိပေးလာသည်။

သေချာပေါက် ထိုအရာတွေက ကိုပြည့်ဆီကသာ

သူဘက်က စစ်မှန်တဲ့ချစ်ခြင်းမပေးနိုင်ခဲ့ပေမယ့် သူ့ကိုတော့ ကိုပြည့်က အတတ်နိုင်ဆုံးချစ်ပေးခဲ့တယ် ဂရုစိုက်ပေးခဲ့တယ် ကြင်နာပေးခဲ့တယ် သူတောင် စွဲလမ်းမိတဲ့အထိ။

ကြာတော့ ကိုပြည့်အပေါ် အားနာစိတ်ဝင်မ်လာတယ်

အနက်ရောင်ဆိုဖာအပေါ် စိတ်ပစ်လက်ပစ်ထိုင်ချလိုက်သည်။ အားလီ ၅ ကောင်က သူ့အနားကပ်လာပြီး လာချွဲတော့သည်။

" မင်းတို့လဲ မင်းတို့သခင်အသစ်တွေ မကြာခင်လာခေါ်တော့မှာ သခင်အသစ်တွေဆီမှာ အရမ်းမဆိုးနဲ့ ကြားကြလား "

အားလီ ၅ ကောင်ကတော့ နားလည်တဲ့ပုံမပေါ်ပဲ သူတို့ဘာသာသူတို့ အဖော်ပြု ကစားနေကြသည်။

" မင်းတို့ပဲ ကောင်းပါတယ် "

မပိုင်ဆိုင်ရရင်တောင် အဝေးကနေငေးကြည့်ပြီး ချစ်နေမယ်တဲ့ ပျော့ညံတဲ့လူတစ်ချို့ရဲ့ အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုနည်းပေါ့ ။ခမ့်ဟိန်းဆိုတဲ့သူကတော့လေ သူ့ချစ်တဲ့သူကို မပိုင်ဆိုင်ရရင်တောင် အဝေးကနေငေးကြည့်မနေချင်ဘူး ။ ငေးကြည့်နေရတာ ပင်ပန်းတယ်။

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Where stories live. Discover now