၄၄ (Unicode)

1K 56 3
                                    

"ဟို အဆင်ပြေရဲ့လား "

တစ်ခုခုကို စိတ်မသက်သာပုံနဲ့ ကိုမင်းပြည့်စုံရဲ့ ပုံစံကြောင့် ကဗျာချို မဝံမရဲမေးလိုက်သည်။

"ပြေပါတယ် "

ကဗျာချို အမေးကို အပြုံးလေးနဲ့ ဖြေလိုက်ပေမယ့် သူ့စိတ်ထဲ ပြေးထွက်သွားတဲ့ ကောင်လေးနောက်ကိုသာ လိုက်ချင်နေမိသည်။

" ကျေးဇူးပါနော် ကဗျာနဲ့အတူတူလိုက်ခဲ့ပေးလို့ မဟုတ်ရင် ကဗျာတစ်ယောက်တည်း ဘာလုပ်ရမှန်း သိမှာမဟုတ်ဘူး "

" အဆင်ပြေပါတယ် စိတ်ထဲမထားပါနဲ့ "

ကျောင်းက လုပ်ငန်းတစ်ခုအနေနဲ့ သူတို့မြို့က လမ်းပန်းဆက်သွယ်မှု ခက်ခဲတဲ့ ရွာလေးမှာ တစ်လ လုပ်အားပေးသွားရမှာ။ အစကတော့ ဒီလုပ်အားပေးမှာ သူမပါပေမယ့် ဆရာမကဗျာချိုရဲ့ အကူညီတောင်းမှုကြောင့် အားနာနာနဲ့ လက်ခံခဲ့ရသည်။

ငါးနာရီလောက် ကားစီးပြီး ရွာကိုသွားတဲ့ လမ်းက တောင်တက်ရမှာမို့ ကားနဲ့ ဆက်သွားလို့ မရတော့။ တောင်အောက်မှာနေထိုင်တဲ့ အဘိုးဆီမှာ ကားအပ်ပြီး တောင်ပေါ်က ရွာလေးမှာ ရောက်ရှိခဲ့သည်။ ခရီးလမ်းကြမ်းပေမယ့် ရွာက လူတွေရဲ့ ဖော်ရွှေမှုနဲ့ ရင်းနှီးစွာ ကြိုဆိုမှုတွေကြောင့် ဒီလုပ်အားပေးမှာ အချိန်ပေးရင်း စိတ်ဆိုးပြီးပြေးထွက်သွားတဲ့ ကောင်လေးကို မေ့သွားခဲ့သည်။

သို့သော်လည်း ......

"အဖိုး ဒီမှာ ကားအပ်ခဲ့မယ်နော် "

တောင်အောက်မှာ နေထိုင်တဲ့ အဘိုးက

"အေအေ တောင်ပေါ်တက်မို့လား "

"ဟုတ်တယ် အဘိုး ကျွန်တော်ချစ်သူဆီလာတာ "

" ချစ်သူ....အွန်း အရွယ်ကောင်းလေးပဲ ကောင်လေ ဒီနေ့တော့ တောင်ပေါ်မတက်နဲ့အုံး မနေ့ညက မိုးတွေရွာထားတာ လမ်းတွေက အရမ်းချောနေမှာ အခန့်မသင့်ရင် ထိခိုက်လိမ့်မယ် "

ခမ့်ဟိန်းမှာ အဘိုးတစ်ဦးရဲ့ အမှာစကားကြောင့် တောင်တက်ဖို့ကို တွန့်တိုသွားပေမယ့် ကိုပြည့်က မိန်းမတစ်ယောက်နဲ့ အတူရှိနေတယ်ဆိုတဲ့ အတွေးကြောင့် တောင်ပေါ်တက်ဖို့ ဘယ်ကမှန်း မသိတဲ့ သတ္တိတွေ ရလာခဲ့တယ်။

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Hikayelerin yaşadığı yer. Şimdi keşfedin