၃၆ (Unicode)

1.2K 77 15
                                    

" မောင် ဒီကိုလာ "

အဝေးကနေ သူ့ကိုငေးကြည့်နေတဲ့ မောင်ကိုခေါ်လိုက်တော့ အနားရောက်လာတယ်။ သူ့နောက်ဘက်မှ နေရာယူလိုက်တော့ မိုးစက်လဲ အလိုက်တသင့် မောင်ရဲ့ရင်ခွင်လဲ မှီချလိုက်သည်။

" အအေးမိနေတယ်မလား အရမ်းကြာကြီးရေမစိမ်ရဘူး "

" ငါကလူကြီးပါကွာ ဒီလောက်နဲ့ ဘာမှမဖြစ်ဘူး ညက ဘာလို့သောက်နေတာလဲ တစ်ခုခုစိတ်ညစ်စရာရှိလို့လား ဟင် "

မင်းဒဿမောင် မက်မွန်သီးလေးရဲ့လည်ပင်းနားထိ ခေါင်းကိုမှီချလိုက်ပြီး တင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်သည်။ သူ့ဘဝမှာ လူတစ်ယောက်မက ပတ်သက်ဆက်ဆံဖူးပါတယ်။ ဒါပေမယ့် ဒီလိုနောင်တတွေနဲ့ ခံစားချက်ကြီးက ဒီလူသားလေးနဲ့မှ ဖြစ်ပေါ်လာတယ်။

" မိုး မောင်ကိုထားမသွားဘူးလို့ ကတိပေးမယ်မလား မောင်လေ မိုး ထားသွားမှာ အရမ်းကြောက်နေတယ် သိလား "

" မောင်က ကလေးလားကွာ "

မိုးစက် မောင်မျက်နာလေးကို ဆွဲယူရင်း ပါးကိုနမ်းလိုက်သည်။

" မောင်က ကလေးမဟုတ်တော့ဘူး အဲတာကြောင့်လဲ ဒီလိုမျိုး တွေးပြီးကြောက်နေရတာ "

သူ့ခါးမှာ ဖက်ထားတဲ့ မောင်ရဲ့ဘယ်ဘက်လက်ကို ဆွဲယူလိုက်ပြီး သူရဲ့ဘယ်ဘက်လက်နဲ့ တစ်ထပ်တည်းကျစေလိုက်သည်။ တန်ဖိုးကြီး ဆင်တူလက်စွပ်တစ်စုံက လက်ချောင်းတွေမှာ ထင်ပေါ်လွန်းနေသည်။

" ဒီမှာကြည့် ငါတို့နှစ်ယောက်လုံး သေတဲ့အထိ အတူတူနေရမယ်ဆိုတဲ့ သက်သေလေး ငါကိုယ်တိုင်လဲ မောင်အနားက မထွက်သွားပါဘူး ဘာတွေစိတ်မချဖြစ်နေတာလဲ တစ်််ခုခု ငါမသိတာများရှိနေသေးတာလား "

မျက်မှောင်ကြုတ်ပြီး သူ့ဘက်လှည့်ပြီး မေးလာသည်။

" မဟုတ်တာ မောင်မှာ လျှို့ဝှက်ချက်ဆိုတာ မရှိပါဘူး "

" မောင်သာ ငါကို ချစ်တယ်ဆိုရင်လေ ဘာတွေပဲဖြစ်ဖြစ် မောင်အနားက မထွက်သွားပါဘူး "

" မောင်လဲ မိုးကိုချစ်တယ် အရမ်းချစ်တယ် "

သူတိုစကားဝိုင်းလေးက လေထဲမှာပဲ ပျောက်ကွယ်သွားသည်။ ဆော့နေတဲ့ ကလေးတွေကိုကြည့်ပြီး မိုးစက် မောင်ရင်ခွင်ထဲ မှီချလိုက်ပြန်သည်။

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Where stories live. Discover now