၃၀ (Unicode)

1.4K 98 23
                                    

အုံးအုံးကျက်ကျက်ဖြစ်သွားတဲ့ လူအစုအဝေးကြီးကို ပစ်ထားပြီး မိုးစက် တိတ်ဆိတ်တဲ့နေရာတစ်ခုဆီ ထွက်လာခဲ့သည်။

လူစည်ကားနေတဲ့ မင်္ဂလာပွဲနေရာနဲ့ မတူညီစွာ အိမ်ကြီးရဲ့အနောက်ဘက်ခြမ်းလေးက တိတ်ဆိတ်နေတာကြောင့် မိုးစက် စိတ်သက်သာရာ ရသွားသည်။ စိတ်ထင်တိုင်းသာလုပ်ခဲ့တာ သူ့နှလုံးသားလေးကတော့ မောင်ကို စိုးရိမ်နေတယ်တဲ့

ခံသင်တဲ့ကောင် ဘယ်သူက မင်းကို ငါနဲ့လက်ထပ်ခိုင်းနေလို့လဲ

သစ်သားထိုင်ခုံရဲ့အမှီကို ခေါင်းမှီချလိုက်ပြီး မျက်လုံးကို ခဏအနားယူလိုက်သည်။ ဘာမှလဲ မလုပ်ရဘဲ ပင်ပန်းနေတဲ့ မိုးစက်တစ်ယောက် အိပ်ပျော်ခါနီးမှာပဲ ခန္ဓာကိုယ်က ရုတ်တရက် လေပေါ်မြောက်သွားပြီး တစ်စုံတစ်ယောက်ရဲ့ ပခုံးအပေါ် တင်ခံလိုက်ရသည်။

" အား .... ဘယ်သူ..."

ဘယ်သူလဲလို့ မေးချင်ပေမယ့် ခဏအတွင်းမှာပဲ ထိုလူက မင်းဒဿမောင် ဖြစ်နေကြောင်း သိလိုက်ရသည်။

" ငါ့ကို ချပေး "

မိုးစက် မောင်ရဲ့ နောက်ကျောပြင်ကြီးကို ထုရိုက်ရင်း သူ့ကိုချပေးဖို့ ရုန်းကန်နေရသည်။

"ငြိမ်ငြိမ်နေ မဟုတ်ရင် .... "

" မဟုတ်ရင် ဘာဖြစ်လဲ ငါ့ကိုချ....အာ့ "

ရုတ်တရက် နာကျင်သွားတဲ့ တင်ပါးကြောင့် မိုးစက် ရုန်းကန်နေတာကိုရပ်လိုက်ရသည်။

မင်းဒဿမောင် တွန်းထိုးရုန်းကန်နေတဲ့ မိုးစက်သာရဲ့ တင်ပါးကို ခပ်နာနာလေး ရိုက်ပေးလိုက်တော့ သူ့ကို ဆဲလာတယ်။

"ခွေးကောင် .... နှာဘူးကောင် "

" ထပ်ပြောနေရင် ဒီနေရာမှာပဲ fu*k ပစ်လိုက်တော့မယ် မလုပ်ရဲဘူး မထင်နဲ့နော် မိုးစက်သာ "

"မသာကောင် "

မင်္ဂလာပွဲအတွင်း ပခုံးပေါ်ကနေ မချီခံရပြီး ပြန်လာခဲ့ရတဲ့ မိုးစက်သာ သူမျက်နှာ ဘယ်နားထားရမှန်း မသိ ရှက်နေခဲ့သည်။ မင်္ဂလာပွဲအတွင်းက လူများကို မသိချင်ယောင် ဆောင်ရင်းသာ မင်းဒဿမောင်ကို လာနှုတ်ဆက်တဲ့ လူတိုင်းကို ပြုံးပြနေရသည်။

မောင် ပိုင်ဆိုင်မှု [ COMPLETE ]حيث تعيش القصص. اكتشف الآن