၇(Unicode)

3.2K 167 6
                                    

" မဒမ် Cholatte "

သူ့ကို မာန်မဲနေတဲ့ မိန်းကလေးက အခုတော့ လက်နှစ်ဖက်ကို ရှေ့ထုတ်ကာ ခါးကိုညွတ်ထားပြီး ခေါင်းငုပ်ကာ ပြောလိုက်သည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ မင်းရဲ့အသံက ကိုယ်အနားယူနေတာကို အနှောင့်ယှက်ဖြစ်စေတယ် ဒီအနားကို ဘယ်သူမှမလာဖို့ မှာထားတယ်မဟုတ်ဘူးလား "

မိုးစက် သူရှေ့ကအမျိုးသမီးကို ကြည့်လိုက်၏။ ရှည်လျားတဲ့အရပ်က သူနဲ့မတိမ်းမယိမ်းပင်။ အနက်ရောင် ဆံနွယ်နဲ့ သူမရဲ့ ရွှေရောင်မျက်ဝန်းတွေက သိမ်းငှက်တစ်ကောင်နှယ် စူးရှလွန်းလှ၏။ ကားပိုင်ရှင် မဟုတ်ဘူး သူ့အလုပ်ရှင်ရဲ့ မျက်ဝန်းတွေနဲ့ တစ်ထပ်တည်းပင်။

"တောင်းပန်ပါတယ် မဒမ် အနှောင့်ယှက်ဖြစ်ဖို့ မရည်ရွယ်ပါဘူး Boss ဒီနေ့ပြန်လာမယ်ဆိုလို့ Boss  စာကြည့်ခန်းက  ပန်းအိုးကို ပန်းလဲပေးချင်လို့ပါ ဒါပေမဲ့ ဒီရောက်တော့ မဒမ်ရဲ့ ပန်းတွေကို ခိုးဖို့လုပ်နေတဲ့သူကို တွေ့လိုက်ရလို့ပါ "

မိန်းကလေးက ညင်သာစွာပြောနေရင်းနဲ့  မိုးစက်ဘက်ကို လှည့်ကာ အကြည့်စူးစူးနဲ့ ပြောလိုက်သည်။

" ကျွန်တော် ခိုးတာမဟုတ်ဘူး "

" ဒါက ပန်းလေးတစ်ပွင့်နှစ်ပွင့်ပဲလေ ဘာတွေတွန့်တိုနေတာလဲ ပြီးတော့ ကိုယ်မှာ တစ်ပွင့်နှစ်ပွင့်ပဲ ရှိတာမှမဟုတ်တာ ပြီးတော့ မင်း "

မဒမ်မှာ ထိုမိန်းကလေးကို ဆူပြီးတာနဲ့ သူဘက်ကိုလှည့်လာကာ

" အနည်းဆုံးတော့ လိုချင်ရင် မင်းပိုင်ရှင်ဆီက ခွင့်တောင်းသင့်တယ် မင်းမခိုးဘူးပြောနေပေမယ့် မင်း ပိုင်ရှင်မသိဘဲ ခူးဖို့လုပ်တယ်ဆိုတာလဲ ငြင်းလို့မရဘူး  ဆိုတော့ မင်းတို့နှစ်ယောက်လုံး အမှားမကင်းဘူး "

သူရှေ့က ကျက်သရေရှိပြီး ခေတ်မှီလှပတဲ့ အမျိုးသမီး စကားကြောင့် မိုးစက်သာ ရှက်သွား၏။ တကယ်လဲ သူအဲလိုလုပ်ဖို့ စိတ်ကူးခဲ့တာပဲ။ ပန်းလေး တစ်ခက်နှစ်ခက်ခူးတာ ဘာမှမဖြစ်လောက်ဘူးဆိုတဲ့ စိတ်နဲ့ ။ဘယ်လိုပဲ ဖြစ်ဖြစ် အဲလိုမလုပ်သင့်တာအမှန် ပြီးတော့ သူကအခုမှ ရောက်လာတဲ့ အလုပ်သမားတစ်ယောက်။

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Where stories live. Discover now