၂၁ ( Unicode )

1.7K 104 19
                                    

"ကိုကို ပြန်ရအောင် "

အနွံတာအသံကြားတော့ မင်းဒဿမောင်လည်း ဖုန်းကိုချလိုက်ပြီး ထိုနေရာကနေ ထွက်လာလိုက်သည်။

"ကိုကို ဘယ်ဟိုတယ်မှာ တည်းနေတာလဲ "

" ကိုယ်လား ကိုယ်အခုပဲ ကလေးကိုလိုက်ပို့ပြီးတာနဲ့ ကိုယ် ပြန်တော့မှာ "

မင်းဒဿမောင် အနွံတာဝင်ရန် ကားတံခါးဖွင့်ပေးလိုက်ပေမယ့် အနွံတာကတော့ နေရာမှာပဲ ရပ်နေကာ သူ့ကို စူးစူးစိုက်စိုက်ကြည့်နေရင်း မျက်ရည်ဝဲလာကာ ငိုတော့သည်။

" ကျစ် ဘာလို့ ငိုလာပြန်ရတာလဲ "

မင်းဒဿမောင်ရဲ့ လေသံက စိတ်မရှည်သည့်ပုံစံ ပေါ်လွန်းလှသည် ။ ဒါကိုလည်း အနွံတာပဲ မဟုတ် ခမ့်ဟိန်းလဲ သတိထားမိသည်။

အနွံတာဆိုတာ မင်းဒဿမောင်ရဲ့ ပထမဦးစားပေးလေ ။

အခုပြောင်းလဲနေပြီလား

ခမ့်ဟိန်း ကြိတ်ပြုံးလိုက်သည်။ အနွံတာဆိုတဲ့ကောင်လေးကို သူသဘောမကျသလို အနွံတာကလဲ သူ့ကိုသဘောမကျ။ Boss က ပွေတတ်ရှုပ်တတ်ပြီး ဆက်ဆံရေးတစ်ခုကို ဘယ်တော့မှ ကြာကြာမတည်ဆောက် ။

တစ်စုံတစ်ယောက်ကတော့ ဒီစည်းကို ရိုက်ချိုးခဲ့ပြီးပြီဆိုပေမယ့်

ခမ့်ဟိန်း စိတ်ဝင်စားစွာကြည့်မိသည်။

အနွံတာလား မိုးစက်သာလား

" မပြန်ပါနဲ့ အတာနဲ့ တွေ့တာ ဘယ်လောက်ရှိသေးလို့ ပြန်ချင်နေတာလဲ "

ဒီလိုငိုသံတွေ မကြားတာတောင် တော်တော်ကြာပေါ့

" တိတ် တိတ် မငိုနဲ့ ကိုယ်မပြန်တော့ဘူး ကလေးကို အဖော်လုပ်ပေးမယ် "

" မလိမ်နဲ့ ပြီးရင် ခိုးပြန်သွားမှာပဲ ကိုကိုက အမြဲအဲလိုလုပ်နေကြတာပဲ အတာကသာ စောက်ရူး ကိုကို ကိုပဲ သတိရနေပြီး လွှမ်းနေရတာ ကိုကိုကတော့ တစ်ခြားသူကို အနားမှာ ခေါ်ထားတယ် အခုထိပဲ အတာကို စွန့်ပစ်ချင်နေတာမလား "

မင်းဒဿမောင် အရမ်းငိုလာတဲ့ အနွံတာကြောင့် ခြေမကိုင် လက်မကိုင်မိတွေဖြစ်သွားတယ်။ အမြဲတမ်းပဲ ဒီကောင်လေး ငိုတိုင်း သူဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်သွားတယ်

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Wo Geschichten leben. Entdecke jetzt