" မောနင်းပါဗျ "
မင်းဒဿမောင် မျက်လုံးဖွင့်လိုက်တာနဲ့ မျက်လုံးမှိတ်တဲ့အထိ အပြုံးလေးနဲ့ နှုတ်ဆက်လာတဲ့ မက်မွန်သီး။
မတ်တပ်ရပ်ပြီး နှုတ်ဆက်မဲ့အစား သူ့လက်မောင်းကြားထဲကနေ အိပ်မှုန်စုံမွှားပုံစံလေးနဲ့ဆို မက်မွန်သီးလေးနဲ့ သိပ်လိုက်ဖက်မှာ
" မောနင်း "
မင်းဒဿမောင် တည်တင်းနေသောမျက်နှာနဲ့ ပြန်နှုတ်ဆက်လိုက်၏။ သူ့ဘဝမှာ ပထမဆုံးတစ်ခါ လူတစ်ယောက်ကို မနက်ခင်းနှုတ်ဆက်ခြင်းဆိုတော့ နည်းနည်းတော့ ရှက်ကိုးရှက်ကန်းဖြစ်နေတယ်
" ဝါး "
မိုးစက် အဝတ်လဲခန်းထဲကို ဝင်လိုက်တာနဲ့ မြင်လိုက်ရတဲ့ ပစ္စည်းတွေကြောင့် မျက်လုံးထဲ တစ်လက်လက်တောက်ပနေတော့၏။ နမည်တောင် မသိတဲ့ Brand တံဆိပ်တွေနဲ့ တကယ့်သူဌေးကြီးတွေမှ ဝယ်နိုင်ဝတ်နိုင်တဲ့ NL Brand တွေ ။
" ဒါတွေက အစစ်လား "
မိုးစက် ကိုယ့်ဘာသာရေရွတ်ပြီး မြင်သမျှ လိုက်ထိလိုက်ကိုင်နေမိတယ်။ သူ့တစ်သက် TV ကြေညာထဲမှာပဲ မြင်ဖူးတဲ့ နမည်ကြီး Brand ကို အခုတော့ ကိုင်ဖူးနေမိပြီ။
မိုးစက်က ပိုက်ဆံကို ကြိုက်တယ်။ ဒါကြောင့်လဲ သမာအာစီဝကျတဲ့ ဘယ်အလုပ်မဆို သူကြိုးစားပြီးလုပ်တယ်။ ဘဝက ထင်သလောက်မလွယ်ဘူး။ သူ့ကြိုးစားတိုင်းလဲ မအောင်မြင်ဘူး ။
သူ့ဘဝကို နှင်းလေးနဲ့ သာသာအတွက်ပဲ မြုပ်နှံထားတာမို့ သူဘာကြိုက်လဲဆိုတာကို တစ်ခါမှ မတွေးဖူးခဲ့ဘူး။ သူစိတ်ထဲ ဒီနေ့နှင်းလေးအတွက် ဘာဝယ်ပြီး သာသာအတွက် ဘာဝယ်ရမလဲဆိုတာပဲ အမြဲစဥ်းစားနေခဲ့တာ။
" ဘာတွေအဲလောက် သဘောကျနေတာလဲ "
တလက်လက်တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ Suit ဝတ်စုံကို ကိုင်ပြီး အတွေးထဲနစ်မြုပ်နေတဲ့ မက်မွန်သီးကို မေးလိုက်တော့ ကိုင်ထားတဲ့ Suit ဝတ်စုံကို ပြန်ချလိုက်ပြီး မက်မွန်သီးက ပြောလာတယ်
" ဟို...ဟို လျှောက်ကိုင်တာ မဟုတ်ပါဘူး ဒီနေ့ Boss ဘာဝတ်မလဲဆိုတာ စဥ်းစားနေတာပါ "
YOU ARE READING
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Science FictionCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...