၃ (Unicode)

3.7K 193 8
                                    

" သားသား ထတော့ "

မိုးစက် မှောက်ယက်ကလေး အိပ်ပျော်နေတဲ့ သားဖြစ်သူကို ပါးလေးပုတ်ကာနိုးလိုက်၏။

" အင်းးးးးး "

ညီးသံကြီးဆွဲကာ တည်စက်သာလေးမှာ တစ်ဖက်သို့ ပြန်လှည့်အိပ်သွားသည်။

" သားသား ကျောင်းသွားရအုံး ထတော့ မနက်ဖြန်ကျောင်းပိတ်မှ အကြာကြီး အိပ် ထတော့ "

" ကျောင်းသွားချင်ဝူး "

" ကျောင်းမသွားလို့မရဘူးလေ ကျောင်းမှာ သူငယ်ချင်းတွေက ဆော့ဖို့စောင့်နေတာကို "

ထိုသို့ပြောလိုက်တော့ တည်စက်သာလေးမှာ ရုတ်တရက် ကောက်ကာငင်ကာ ထကာ

" ဟုသားပဲ ဒီနေ့သူသူနဲ့ ကစားဖို့ရှိတာပဲ "

လို့ပြောပြီး ရေချိုးခန်းထဲ ပြေးဝင်သွားတော့သည်။ ဒီကလေးလေးက စာသာစိတ်မဝင်စားတာ ဆော့ကစားဖို့ဆို အမြဲတမ်းအသင့်ရှိပြီး တက်ကြွတဲ့ကလေးလေးပင်။

" မြန်မြန်လုပ်နော် ဖေဖေမနက်စာပြင်ပြီး ပြန်လာခဲ့မယ် "

" ဟုတ်ကဲ့ ဖေဖေ "

မိုးစက်သာ ပြုံးလိုက်ပြီး အခန်းထဲမှ ထွက်လာ ကာ မနေ့က ထမင်းကြမ်းများကို တစ်ဝက်ကျော်ရန်ပြင်လိုက်သည်။ ထမင်းတွေအများကြီးကျန်နေတာမို့ မနေ့က အိမ်က ကလေးနှစ်ယောက်လုံးက ထမင်းစားချိန်ပါမေ့ပြီး ဆော့ကစားနေမယ်ဆို မိုးစက်တစ်ယောက် သေချာပေါက်သိနေသည်။

ထမင်းကြော်ပြီးသည့်အခါ အခန်းထဲမှ သားသားကို ကျောင်းသွားရန်ပြင်ဆင်ပေးလိုက်ပြီး မနက်စာအတူစားကြ၏။

" နှင်းလေးက မထသေး ဘူးလား ဦးဦးဖေဖေ "

" နှင်းလေးက ဘယ်တုန်းက ဒီချိန်ထလို့လဲ သားသားရဲ့ "

"ဟူး...."

တည်စက်သာမှာ သက်ပြင်းရှည်ကြီးချလိုက်၏။ မနေ့ကပဲ တူတူကစားရင်း သူကိုကျောင်းလိုက်ပို့ပေးမယ်ဆိုပြီး အခုထိမထသေးဘူး

"သား သွားနိုးလိုက်ရမလား "

" တည်စက်သာ မဆိုးနဲ့ စားတော့ ကျောင်းသွားရတော့မယ် "

မောင် ပိုင်ဆိုင်မှု [ COMPLETE ]Donde viven las historias. Descúbrelo ahora