" ဦးဦးဖေဖေ ပြန်မလာသေးဘူးလားဟင် "
ဖုန်းထဲမှ တည်စက်သာ၏ပျင်းတိပျင်းတွဲအသံကြောင့် မိုးစက်ပြုံးလိုက်သည်။ ဒီတစ်ခါနဲ့ဆို သာသာဖုန်းဆက်ပြီးမေးတာ ရှစ်ကြိမ်တောင်ရှိပြီ။ ပုံမှန်ဆိုသူအလုပ်လုပ်နေရင် မနှောင့်ယှက်တတ်တဲ့ ကလေးက ထူးဆန်းနေသည်။
" ဗိုက်နာတာရော သက်သာတယ်မလား "
နေ့လည်းခင်း အလုပ်ချိန်တွင်းမှာပဲ သာသာရဲ့ကျောင်းကဆရာမက ဖုန်းဆက်လာပြီး သာသာနေမကောင်းတာမို့ ပြန်လာခေါ်ပေးဖို့ ဖုန်းဆက်လာတယ်။ ကျောင်းမှာတုန်းက ဗိုက်နာတယ်ဆိုပြီး လူးလိမ့်နေတဲ့ကလေးက သူပြန်သွားခေါ်လာတော့ ချက်ချင်းသက်သာသွားသည်တဲ့။ လူလိမ်လေးပါလေ
" နည်းနည်းတော့ သက်သာပါတယ် ဒါနဲ့ ဘယ်ချိန်ပြန်လာမှာလဲဟင် "
" ဒီနေ့ညတော့ နောက်ကျမယ်ထင်တယ် စောင့်မနေနဲ့တော့ နှင်းလေးနဲ့အတူတူအိပ်နှင့် ... ဒါပဲနော် ဦးဦးဖေဖေအလုပ်လုပ်ရအုံးမယ် "
ဖုန်းချသွားသည်နှင့် တစ်ပြိုင်နက် သူ့ကို အားကိုးတကြီးကြည့်နေနဲ့ နှင်းလေးနဲ့ Daddyboss ကို ခေါင်းခါပြလိုက်တယ်
"ဟူး ... ကြည့်ရတာ ဦးဦးဖေဖေက သူ့မွေးနေ့ဆိုတာကို မေ့နေတဲ့ပုံ "
သက်ပြင်းချကာပြောလာတဲ့ တည်စက်သာကြောင့် မင်းဒဿမောင်ပါ အားလျော့သွားသည်။ သူတို့မိသားစုကြီး ပါတီပွဲအသေးစားလေးလုပ်ပြီး မိုးရဲ့မွေးနေ့ကို ကျင်းပဖို့ကို။
ဒီနေ့မှ ထူးထူးဆန်းဆန်း အလုပ်မှာခြေချုပ်မိနေတဲ့ မိုးစက်ပါ
ပထမဆုံးမိုးအတွက် မွေးနေ့ပွဲကို သူကိုယ်တိုင်ပြင်ဆင်ပေးတုန်းက အရမ်းကိုတခမ်းတနားနဲ့ မိုးအတွက် ကျင်းပပေးခဲ့ပေမယ့် သာမာန်လူတန်းစားဘဝမှာ ကြီးပြင်းလာတဲ့ မိုးအတွက်တော့ သက်တောင့်သက်သာမရှိခဲ့။နောက်တော့ ဧည့်ခန်းလေးထဲမှာ ကိတ်မုန့်တစ်လုံးနဲ့ မိသားစုစုံစုံလင်လင် မွေးနေ့သီချင်းဆိုရင်း ကိတ်မုန့်ဝေကျွေးရတာကို မိုးအတွက် ပိုပျော်ရွှင်တယ်ဆိုတာ သူရှာတွေ့လာခဲ့တယ်
သူ့ဘဝမှာ သူကိုဆက်နွယ်တဲ့သူပဲဖြစ်ဖြစ် သူဘက်ကအရင်ဆက်နွယ်သူပဲဖြစ်ဖြစ် ရိုးရှင်းတဲ့ဆက်ဆံရေးအစား အပေးအယူဆိုတဲ့ဆက်ဆံရေး ခံစားချက်မျိုးပဲ ရခဲ့ပေမယ့် မိုးနဲ့ကျတော့ ထူးခြားတယ်။ဒါကြောင့်လဲ သူ့နှလုံးသားထဲ စိမ့်ဝင်လာတဲ့ မိုးစက်ကို ဖယ်ရှားမရနိုင်ခဲ့တော့တာ။
YOU ARE READING
မောင် ပိုင်ဆိုင်မှု [ COMPLETE ]
Science FictionCrd_Cover_from_Pinterest မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မင်းဒဿမောင် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါက လွန်ဆန်နိုင်မှာတဲ့လား ...