Chapter 27 Uni&zaw

7.2K 402 27
                                    

သားရွှေဥ .....28

                       အပိုင်း-၂၈

ရောင်နီနဲ့သူ့အစ်ကိုက ဆရာသန်းလှိုင်အိမ်ရှေ့ကိုရောက်လာပြီး...
" တဆိတ်လောက်ဗျာ ဒီအိမ်ကဆရာသန်းလှိုင်အိမ်ဟုတ်ပါသလား..."

အိမ်ထဲမှာတဂျုံးဂျုံးနဲ့စက်ချုပ်နေသောမစန်းမှာ အသံကြား၍ သံဇကာကွက်များမှတဆင့်အပြင်ကိုလှမ်းကြည့်သော်...ဟယ်!
" ကိုသန်းလှိုင် ကိုသန်းလှိုင် လာပါအုံး..."
" ဟဲ့ ဟဲ့ ဘာဖြစ်တာတုန်း .."
ထမင်းချက်‌နေတဲ့ဆရာသန်းလှိုင်မှာ အိမ်နောက်ဖက်ကနေပုဆိုးကိုမပြီးပြေးလာ၍ မေးပါသည်။
" လက်ညပ်ပြန်ပြီလား ဟမ်.."

" ဟုတ်ပါဘူးတော် ဟိုမှာ ဟိုမှာ..."
ဟင်!!
ရောင်နီကိုလည်းမြင်တော့ ဆရာသန်းလှိုင်မှာအံ့ဩဝမ်းသာပြီးပြေးထွက်ကြိုဖို့လုပ်တော့..သူ့မိန်းမကပြန်ဆွဲထားပြီး..
" ရှင် စကားပြောတာ သတိထားပြောနော်.."
" အေးပါဟ...."

မစန်းမှာအိမ်ထဲကမန်းကတမ်းနဲ့ဧည့်သည်အတွက်နေရာပြင်ဆင်ပေးပြီး...
" လာပါ ကြွပါ..."
" ကိုယ့်လူတို့ လာဗျာ..."

ရောင်နီကိုအခုလိုအကောင်းအတိုင်းပြန်တွေ့ရတော့
သူတို့လည်းဝမ်းသာနေကြပြီး...
" နေတော်တော်ကောင်းလာပြီပဲ..."
" ဟုတ်ကဲ့..."
" ကျွန်တော့်ညီလေးက ကျောင်းဘက်သွားကြည့်ချင်တယ်ဆိုလို့ လိုက်ပို့တာဗျာ..ဒီနေ့ပိတ်ရက်ဖြစ်နေတယ်"
" ဟုတ်တယ်ဗျာ ကျောင်းအပ်ကလက်ခံနေပါပြီ။
ဒီနေ့ကပိတ်ရက်မို့..."

ရောင်နီကတော့ သူ့မိတ်ဆွေဆိုတဲ့ကိုသန်းလှိုင်ကိုအကဲခတ်ကြည့်နေပြီး...
" ကျွန်တော်က ဒီကဆရာနဲ့အတူ စာသင်ကြတာပေါ့နော်.."
" ဟုတ်တာပေါ့...ဒါပေမယ့် ခင်ဗျားကအတန်းပိုင်ဆရာလေ..၊ ဒီနှစ်ခင်ဗျားနေရာအတွက်
အတော်တိုင်ပတ်သွားကြသေးတယ်...
ဘာပဲဖြစ်ဖြစ် ခင်ဗျားအခုစာပြန်သင်နိုင်ပြီမှတ်လား"

" မသေချာသေးပါဘူးဗျ၊ အခုကျွန်တော်ကနေကောင်းတယ်ဆိုပေမယ့် စာသင်နိုင်ပါ့မလားဆိုတာတော့..."
" ဘာလို့မသင်နိုင်ရမှာလဲ၊ ခင်ဗျားကဆရာတစ်ယောက်ပဲလေ..."

ရောင်နီတစ်ယောက်ထိုစကားအတွက်ဝမ်းနည်းသွား
ဟန်ရှိသည်။
" ဒါပေမယ့် ကျွန်တော့်လို မှတ်ဉာဏ်ပျောက်နေတဲ့လူ
ကို ကျောင်းနဲ့ ကျောင်းသားတွေက လက်ခံပါ့မလား
ဆိုတာမသိဘူးခင်ဗျ.."

သားရွှေဥ [Complete]Where stories live. Discover now