Chapter - 10 [ဆေးဖော်စပ်ခြင်း]

556 74 0
                                    

Chapter - 10 [ဆေးဖော်စပ်ခြင်း]

#unicode

နေ့လည်စာစားပြီးနောက် ချူကျင်းဇီက ကောင်တီကိုအမြန်ပြန်သွားလိုက်သည်။

အမျိုးသမီးလီက ပန်းကန်တွေဆေးကြောပြီးထွက်လာသောအခါ ချူကျင်းဇီကထွက်သွားနှင့်ပြီဖြစ်သည်။ "ချူရုံ ကျင်းဇီကဘာလို့ကောင်တီကိုသွားရတာလဲ"

ချူရုံက အသက်သုံးဆယ်အရွယ်ဖြစ်ပြီး ညိုမဲနေသောအသားအရည်နဲ့  မျက်တွင်းနက်ကြီးတွေရှိသည်။ သူ့ရဲ့လက်တွေက အသားမာများတက်ကာ ကြမ်းတမ်းနေသည်။

သူက ခေါင်းခါလိုက်ပြီး "ကိုယ်လည်းမသိဘူး၊ ကျင်းဇီကကိုယ့်ကိုမပြောသွားဘူး"

အမျိူးသမီးလီက သူမကိုစိတ်ပူနေသည် "သူမလေးက ခုမှဆယ်ကျော်သက်ကောင်မတစ်ယောက်ပဲရှိသေးတယ်၊ စိတ်တိမ်းညွတ်လွယ်တဲ့အရွယ်ပဲ...ကောင်တီကိုနေ့တိုင်းသွားပြီး မကောင်းတဲ့အကျင့်တွေသင်လာရင်ဘယ်လိုလုပ်ကြမလဲ!"

ချူအာ့ကသူမအမေဆီသွားကာ နှိမ့်သိမ့်ပေးလိုက်သည် "အမေ...ညီမလေးက စဉ်းစားတတ်တဲ့ကောင်မလေးတစ်ယောက်ပါ၊ အရမ်းမစိုးရိမ်ပါနဲ့ ပြီးတော့ သမီးတို့သူ့ကို ယုံကြည်ပေးရမယ်လေ"

အမျိုးသမီးလီက တခဏလောက်ချင့်ချိန်လိုက်ပြီး "သမီးပြောတာမှန်တယ်! ကျင်းဇီကကောင်တီမှာ သူငယ်ချင်းတွေရှိခဲ့မှာပဲ၊ သူမက သူငယ်ချင်းတွေဆီသွားလည်နေတာဖြစ်မယ်.."

"ဟုတ်တယ် ဒါကြောင့်အမေမစိုးရိမ်တော့နဲ့၊ အမေအရမ်းစိတ်ပူနေရင် ညီမလေးပြန်လာတဲ့အခါ မေးကြည့်လို့ရတာပဲ"

"ကောင်းပြီ"
...........................
ရှုအိမ်တော်တွင်.......

ရှုဝမ်ဟုန်တစ်ယောက် တံခါးနားမှာ ရှေ့နောက်အပြန်အလှန်လျှောက်နေခဲ့တယ်။ ခြေလှမ်းအတော်အကြာမှာတော့ သူမကအပြင်ကို စိတ်ပူပန်နေတဲ့အမူအရာနဲ့ကြည့်နေခဲ့သည်။

အစေခံမလေးရှောင်ဖန်းက သူမဘေးနားတွင်တိုက်တွန်းနေခဲ့သည် "သခင်မလေး ရာသီဥတုကအရမ်းပူလွန်းပါတယ်၊ ကျွန်မတို့အခန်းထဲမှာနေပြီး မိန်းကလေးချူကိုစောင့်ကြရအောင်လေ"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ်!Where stories live. Discover now