Chapter - 38 [ထိတ်လန့်ခြင်း]

459 62 0
                                    

Chapter - 38 [ထိတ်လန့်ခြင်း]

#unicode

ချူကျင်းဇီက အခန်းထဲသို့ပြန်ရောက်လာပြီးနောက် အဝတ်ဒီဇိုင်းများအား စတင်ဆွဲတော့သည်။ သူမဟာ အဝတ်ဆိုင်ကို တတ်နိုင်သမျှအမြန်ဆုံးဖွင့်ပြီး ပိုက်ဆံရှာချင်နေမိသည်။ ပိုက်ဆံလုံလောက်သွားရင် သူမကအိမ်ကိုပြန်ပြင်ပြီး သူမရဲ့အခန်းကိုလည်းစိတ်ကြိုက်ပြင်ဆင်ချင်နေမိသည်။ ကျဉ်းကျပ်နေတဲ့အခန်းသေးသေးလေးထဲမှာနေရတာ အလွန်တရာကိုသက်သောင့်သက်သာမရှိလှပါဘူး။

ချူကျင်းယွဲ့နဲ့ ချူကျင်းနင်းတို့ဟာ အမျိုးသမီးလီကိုကူညီပေးပြီးနောက် ဝင်လာကာ ချူကျင်းဇီဘေးမှာရပ်ပြီး သူမအဝတ်ဒီဇိုင်းတွေဆွဲနေတာကို ကြည့်ရှုနေခဲ့ကြသည်။

ချူကျင်းဇီက ဝတ်စုံရဲ့အပေါ်ပိုင်းကိုဆွဲပြီးနောက် အခုအောက်ပိုင်းကိုစဆွဲတော့မည်ဖြစ်သည်။

ချူကျင်းနင်းကကြည့်နေရင်းနှင့် "ညီမလေး အစ်မမီးအိမ်သွားယူပေးမယ်လေ အခန်းကအရမ်းမှောင်နေပြီ မျက်လုံးတွေနာနေလိမ့်မယ်"

ချူကျင်းဇီလည်း ခေါင်းညိမ့်လိုက်ပြီး အဝတ်ဒီဇိုင်းဆွဲခြင်းမှာပဲပြန်ပြီး နစ်မြုပ်သွားခဲ့သည်။

ချူကျင်းယွဲ့သည် တိတ်တိတ်လေးဘုတ်ပြားဆီသို့သွားကာ သူမရဲ့နာမည်ကိုမီးသွေးဖြင့်ရေးလိုက်သည်။ ထိုအရာက ချူကျင်းဇီသူကိုနာမည်ပေးတုန်းက သင်ပေးခဲ့တာဖြစ်သည်။

ချူကျင်းနင်းသည် မီးအိမ်တစ်ခုနှင့်အတူပြန်လာပြီး စားပွဲရဲ့အခြားထောင့်တစ်ခုမှာချပေးလိုက်သောအခါ အခန်းကလင်းသွားသည်။

သူမဟာ ချူကျင်းဇီကိုကြည့်လိုက်သည်။ လိမ္မော်ရောင်အလင်းက ချူကျင်းဇီအပေါ်ကျရောက်နေကာ သူမသည် တောက်ပနေသယောင်ထင်ရသည်။

ပဥ္စမညီမလေးဟာ သူတို့နဲ့အရမ်းကွဲပြားသည်။ သူမက အကြွင်းမဲ့အရည်အချင်းရှိပုံရလေသည်။

ခနလောက်ကြည့်နေပြီး ချူကျင်းယွဲ့ဘေးကိုသွားထိုင်ကာသူမစာရေးနေတာကိုကြည့်လိုက်သည်။

"ဒုတိယအစ်မ ဘာရေးနေတာလဲဟင်"

"ငါ့နာမည်လေ ချူကျင်းယွဲ့တဲ့"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ်!حيث تعيش القصص. اكتشف الآن