Chapter - 9 [ ရုပ်ဆိုးမကို လက်မထပ်နိုင်ဘူး]

591 75 0
                                    

Chapter - 9 [ ရုပ်ဆိုးမကို လက်မထပ်နိုင်ဘူး]

#unicode

ရှုအိမ်တော်တွင်.....

အကြီးအကဲများစွာသည် ခန်းမထဲတွင်ထိုင်နေကြသည်။ လေထုကတော့ တင်းမာနေကြသောကြောင့် ဘေးမှာရပ်နေကြတဲ့ အစေခံတွေမှာ အသက်တောင်ပြင်းပြင်းမရှူရဲကြပေ။

ရှုချုန်သည် သူ့ရှေ့ရှိလူသုံးယောက်ကို ကြည့်ကာ သူ၏မျက်နှာမှာ မည်းမှောင်သွားပြီး "ယူပန်း မင်းတစ်ကယ်ပဲ စေ့စပ်ပွဲကို ဖျက်သိမ်းချင်နေတာလား"

"ဟုတ်ပါတယ်...ကျွန်တော်ဝမ်ရုန်နဲ့ဆွေးနွေးပြီးသွားပါပြီ....သူမလည်း သဘောတူပါတယ်" ယူပန်းက ခိုင်ခိုင်မာမာပြောလိုက်သည်။ ရှုဝမ်ရုန်က ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီလေ....သူမက မကောင်ဆိုးဝါးထက်တောင်ရုပ်ဆိုးနေသေးတယ်။ သူက သူမနဲ့ဘာလို့လက်ထက်နေတော့မှာလဲ။

ယန်းယူမြောင်က သူမရဲ့လက်သီးကိုတင်းကြပ်စွာ ဆုပ်လိုက်သည်။ သူမသမီး ရုန်ယူပန်းကို ဘယ်လောက်နှစ်သက်လဲဆိုတာသိတာပေါ့။ ဒီလိုရုတ်တရက်သတင်းဆိုးကို သူမသမီးလက်ခံနိုင်ပါ့မလားဆိုတာ မသိပေ။ "မင်းဘယ်တုန်းက ဝမ်ရုန်ကိုပြောလိုက်တာလဲ"

ယူပန်းက အမှုမထားစွာပဲပြောလိုက်သည် "မနေ့ကပါ"

သခင်ကြီးရုန်က တောင်းပန်စွာဖြင့် "အစ်ကိုကြီးရှု လက်ထပ်တာကို ကလေးတွေဘာသာဆွေးနွေးပါစေ....သူတို့နှစ်ယောက်လုံးက အတူမရှိချင်ကြတော့ဘူးဆိုမှတော့ မင်းစေ့စပ်ပွဲဖျက်သိမ်းတာကို လက်ခံပေးလို့ရမလား"

သခင်မရုန်က ပြောလိုက်သည် "ဟုတ်ပါတယ်...ရှင်တို့ရဲ့သမီးက ခုဆိုရင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ...တစ်နေ့လုံးငိုပဲငိုနေတာ၊ အဲဒီလိုမိန်းကလေးမျိုးကို ဘယ်သူကများလက်ထပ်ချင်မှာလဲ....သူ့အတွက် မြင့်မြတ်တဲ့မိသားစုက အခြားတစ်ယောက်ရှာပေးလိုက်ပါ...ကျွန်မရဲ့သားက သူမကိုလက်ထပ်ဖို့ကံမပါပါဘူး"

ရှုချုန်က ထိုအရာကိုကြားသောအခါ ထိုင်ခုံလက်ရန်းကိုဆုပ်ကိုင်ကာ ဒေါသထိန်းနေရသဖြင့် လက်များတွင် သွေးကြောများပင်ပေါ်နေခဲ့သည်။ "ဒီလိုဆိုမှတော့ စေ့စပ်ပွဲကိုဖျက်သိမ်းကြတာပေါ့"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ်!Onde histórias criam vida. Descubra agora