Chapter - 44.2 [ အမှုအား အလျင်အမြန်စီရင်ခြင်း ၂ ]

392 48 0
                                    

Chapter - 44.2 [ အမှုအား အလျင်အမြန်စီရင်ခြင်း ၂ ]

#unicode

ချူကျင်းဇီသည် ထွက်ရှိလာသော ရလဒ်ကြောင့် အလွန်ကျေနပ်သွားသည်။ ထို့ကြောင့် သူမဟာ ဘာမှထပ်မပြောတော့ပါချေ။

"ရုန်ယူဖန် မင်းချူကျင်းဇီကိုအခုချက်ချင်း လျော်ကြေးငွေတေးလ်တစ်ရာပေးဆောင်လိုက်ပါ"ခရိုင်တရားသူကြီးမင်းက အမြန်အမိန့်ပေးလိုက်သည်။

ရုန်ယူဖန်သည် အခွင့်အာဏာရှိသူအား ပွင့်ပွင့်လင်းလင်းစိန်မခေါ်ရဲပါ။ သို့မဟုတ်ပါက စီရင်ချက်သည် ပို၍ပင် ပြင်းထန်သွားပေမည်။ ထို့ကြောင့် သူအောင့်အီးကာ ချူကျင်းဇီကို ငွေတေးလ်တစ်ရာပေးလိုက်ရလေသည်။

ချူကျင်းဇီသည် ၎င်းကို ကောင်းသောအသိစိတ်ဖြင့် လက်ခံခဲ့သည်။ သူက သူမကိုဖမ်းခိုင်းပြီး မိသားစုအား သူမအတွက်စိတ်ပူအောင်လုပ်ခဲ့သည်။  လျော်ကြေးပေးဖို့ဆိုတာ ဖြစ်သင့်ပါသည်။

ပြီးနောက်မှာတော့ ရဲမက်များသည် ရုန်ယူဖန်ကို လူမိုက်လေးယောက်နှင့်အတူ အကျဉ်းချလိုက်သည်။

ချူကျင်းဇီက ခဏလောက်တွေးတောကာ ထန်ကျင်းဟုန်ရဲ့နောက်ခံအပေါ် ထပ်မံမှီခိုရန်ဆုံးဖြတ်လိုက်သည်။ "တရားသူကြီးမင်းရှင့် ကျွန်မမှာပြောစရာရှိပါသေးတယ်"

"ပြောပါ"တရားသူကြီးက ရိုသေစွာပြန်ဖြေလိုက်သည်။

"ရှန်းယူယွီဆိုတဲ့ မိန်းကလေးကို တရားသူကြီး မှတ်မိဦးမလားဆိုတာ သိချင်လို့ပါ"

တရားသူကြီးသည် အလေးအနက်စဉ်းစားလိုက်သည်။ အချိန်အကြာကြီး စဉ်းစားပြီးတဲ့နောက်မှာ သူသည် မမှတ်မိနေသေးပေ။ "ငါဒီနာမည်ကိုတော့ မမှတ်မိဘူး မိန်းကလေးချူကတော့ အကြောင်းမဲ့သက်သက်ထုတ်မေးမှာမဟုတ်လောက်ဘူး ပွင့်ပွင့်လင်းလင်းပြောလိုက်ပါ"

ယခင်ခေတ်ကာလတွင် နောက်ခံနှင့်အင်အားရှိနေခြင်းသည် အလွန်ပင်အသုံးဝင်လေသည်။ ထန်ကျင်းဟုန်သည် သူမအနားတွင်ရှိနေသောကြောင့် တရားသူကြီးမင်းသည် သူမကို ရိုသေစွာဆက်ဆံရသည်။ ချူကျင်းဇီက လေးနက်နေတဲ့အမူအရာဖြင့် ပြောလိုက်သည်။ "သူမက မှားယွင်းစွပ်စွဲခံလိုက်ရတာပါ"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ်!Donde viven las historias. Descúbrelo ahora