Chapter - 17 [ ရေခဲချောင်းပြုလုပ်ခြင်း ]

599 73 1
                                    

Chapter - 17 [ ရေခဲချောင်းပြုလုပ်ခြင်း ]

#unicode

နောက်တစ်နေ့မှာတော့ အိမ်နောက်ခြံထဲတွင်အမျိုးသမီးလီက သူမရှေ့ရှိလိမ္မော်သီးခြင်းများအားကြည့်နေမိသည်။ သူမထိတ်လန့်သွားပြီး မျက်လုံးများကိုပွတ်လိုက်မိသည်။ ဒါတွေကလည်း နောက်ထပ်လေနဲ့ပါလာကြတာပဲလား။

သူမက ချူမိသားစုဝင်တွေကို အမြန်ခေါ်လိုက်ပြီး "ကြည့်ကြစမ်းပါဦး....လိမ္မော်သီးတွေ!"

ချူကျင်းဇီက "သမီးလိမ္မော်သီးတွေ ခူးလာခဲ့တာ"

အားလုံးက သူမကို ဝန်းရံလိုက်သည်။

"ကျင်းဇီ အနီးနားမှာရှိတဲ့ လိမ္မော်ပင်တွေက အခြားသူတွေပိုင်တာပဲ...သမီးခိုးလာခဲ့တာမဟုတ်ဘူးမလား"

"အမေ သမီးရဲ့စရိုက်ကို မေးခွန်းမထုတ်သင့်ဘူး....သမီးတောထဲကသွားခူးလာခဲ့တာ....သူတို့က ဘယ်သူ့ပိုင်ဆိုင်မှုမှမဟုတ်ဘူး"

"ကောင်းတယ်...ကောင်းတယ်...."  အမျိုးသမီးလီက ရုတ်တရက် တစ်စုံတစ်ခုကိုသတိရသွားကာ "လိမ္မော်သီးခူးဖို့ တောထဲကိုသွားခဲ့တယ်...သမီးကမိန်းကလေးတစ်ယောက်ပဲ....ဘာလို့တောထဲကိုညဘက်ကြီးတစ်ယောက်ထဲသွားရတာလဲ!"

သူမက ချူကျင်းဇီကိုဆွဲကာ သူမဒဏ်ရာရမရ ကြောက်ရွံ့စွာစစ်ဆေးကြည့်နေခဲ့သည်။

မိသားစုဝင်တိုင်း ကြောက်လန့်သွားကြသည်။ အရမ်းတော်တဲ့ မုဆိုးတွေတောင် တောထဲကို ညဘက်ထဲ တစ်ယောက်တည်းမသွားရဲကြဘူး။ ချူကျင်းဇီလို မိန်းမငယ်လေးတစ်ယောက်က ဘယ်လိုတောင်သွားရဲရတာလဲ။

ချူကျင်းဇီက လူတိုင်းရဲ့စိတ်ပူမှုကိုခံစားရတာကြောင့် နွေးထွေးသွားခဲ့သည်။ "သမီးအဆင်ပြေပါတယ်...သမီးက ကိုယ့်ကိုကိုယ် အရမ်းဂရုစိုက်ပါတယ်နော်"

ချူကျင်းဇီ ဒဏ်ရာမရတာကိုတွေ့မှာ  အမျိုးသမီးလီက စိတ်သက်သာရသွားကာ "သမီးက အမေ့ကိုသေအောင်ခြောက်လန့်နေတာပဲ!"

"သမီးကိုအနာဂတ်မှာ သွားခွင့်မပြုတော့ဘူး....တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"ချူရုံကလည်း ဝင်ပြောလိုက်သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ်!Tahanan ng mga kuwento. Tumuklas ngayon