Chapter- 29 [လျှို့ဝှက်ချက် ဖလှယ်ခြင်း]

498 74 0
                                    

Chapter- 29 [လျှို့ဝှက်ချက် ဖလှယ်ခြင်း]

#unicode

ချူကျင်းဇီက တောင်ထိပ်ပေါ်မှဆင်းသက်လာခဲ့ပြီး အပြုံးလေးနှင့်မေးလိုက်သည်။ "ရှင်ကတစ်ကယ်ပဲ ဘယ်သူလဲ...သူကရောဘယ်သူလဲ...ဘာလို့သူ့နောက်ကိုလိုက်နေရတာလဲ..."

ထန်းကျင်းဟုန်က သူမကို အရမ်းဆန်းကြယ်တယ်လို့ခံစားလိုက်ရသည်။ သူဟာ သူမကိုလေ့လာလိုက်သောအခါ သူမသည် ပိန်ပိန်ပါးပါးကလေးမလေးတစ်ယောက်ဖြစ်ပြီး သူမမှာ တောက်ပနေတဲ့မျက်လုံးတစ်စုံကလွဲရင် အခြားထူးခြားတာမရှိပေ။ သူမပိုပြီးသာမန်ဆန်လေ ပိုပြီးထူးခြားပုံပေါ်လေပင်ဖြစ်သည်။

သူက ပြန်ဖြေမည့်အစား မေးခွန်းထုတ်လိုက်သည် "မင်းကိုယ်ခံပညာတတ်တာလား"

ချူကျင်းဇီက သူမရဲ့လျှို့ဝှက်ချက်ဖော်ထုတ်ခံလိုက်ရတာကို ဂရုစိုက်ပုံမရပေ။ အလွန်ဆုံးသူမက ဝင်ရောက်ဖို့အခြားခန္ဓာကိုယ်တစ်ခု ရှာယုံပေါ့။ "ရှင်လည်းကိုယ်ခံပညာတတ်တာပဲမလား"

"ဒီသူလျှိုကိုဖမ်းဖို့ ကူညီပေးလို့ကျေးဇူးပါ"

ချူကျင်းဇီက မြေပြင်ပေါ်ကလူအားကြည့်လိုက်ပြီး "ဒီလူက သူလျှိုတစ်ယောက်လား"

"ဟုတ်တယ်" ထန်ကျင်းဟုန်က ထိုသူအား ဆွဲလှန်ကာထိုသစ္စာဖောက်၏အိတ်ကပ်ထဲမှ ခေါက်ထားသော စာရွက်လေးအားယူလိုက်ပြီး သူ့ကိုယ်ပိုင်အိတ်ကပ်ထဲကိုပြောင်းထည့်လိုက်သည်။

"ရှင်က စစ်တပ်ကလား"ချူကျင်းဇီက လက်ပိုက်ပြီး သူမရှေ့ကလူအားကြည့်လိုက်သည်။

ထန်ကျင်းဟုန်က ရပ်တန့်သွားလေသည်။  "မင်းဘယ်လိုလုပ်သိတာလဲ"

ချူကျင်းဇီက သစ်ပင်အားမှီလိုရင်း ပေါ့ပါးသောအမူအရာဖြင့်ပြောလိုက်သည် "အမှန်တိုင်းပြောပြပါ...မဟုတ်ရင် လုယူလိုက်မယ်"

"ငါက စစ်တပ်ကပဲ...ဒါပေမယ့် ငါကဒီရွာကဆိုလည်းဟုတ်တယ်...ဒီတိုင်းစစ်တပ်ထဲကငါ့ရဲ့ရာထူးက နည်းနည်းထူးခြားလို့ မထုတ်ဖော်ခဲ့တာပါ...ငါအိမ်ကိုပြန်လာတဲ့ရည်ရွယ်ချက်က ပြန်နာလန်ထူဖို့လိုအပ်လို့ပါ...."

သူကပြောပြီးချင်းမှာပဲ ရင်ဘတ်အားလက်ဖြင့်အုပ်လိုက်ကာ ရုတ်တရက်ဖြူဖျော့လာပြီး ချွေးအေးများထွက်လာရင်း ဒူးတစ်ဖက်ထောက်လိုက်ရသည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ်!Hikayelerin yaşadığı yer. Şimdi keşfedin