Chapter - 40 [စီးပွါးရေး တိုးချဲ့ခြင်း ]

325 44 0
                                    

Chapter - 40 [စီးပွါးရေး တိုးချဲ့ခြင်း ]

#unicode

လူတိုင်းနေရာယူပြီးတဲ့နောက်မှာတော့ ချူကျင်းဇီကရေတွက်လိုက်သည်။ စုစုပေါင်းတစ်ရာ့ငါးယောက်ရှိနေပြီး လူအနည်းငယ်ပိုသွားသည်မှာကိစ္စမရှိပါချေ "ရှင်တို့က နေခဲ့ပြီး ကျွန်မတို့မိသားစုမှာအလုပ်လုပ်လို့ရပါပြီ" ထိူသုများသည် ချက်ချင်းပျော်ရွှင်သွားကြကာ အပြုံးများဖြင့်ပြည့်နေတော့သည်။ မရွေးခံလိုက်ရတဲ့သူများကတော့ စိတ်ဓာတ်ကျသွားကျလေသည်။

ချူကျင်းဇီက သူမလည်ချောင်းကိုရှင်းလိုက်ကာ "ကျွန်မတို့မိသားစုက တစ်နေ့ကိုသစ်သားတုတ်ချောင်းသုံးသောင်းခွဲလိုအပ်တယ် ရှင်တို့တုတ်ချောင်းသုံးခုလုပ်တိုင်း ကြေးပြားတစ်ပြားစီရကြလိမ့်မယ် ဒီအလုပ်ကိုလုပ်ဖို့ လူအယောက်ခုနစ်ဆယ်လောက်လိုအပ်တယ် ဘယ်သူလုပ်ချင်ကြလဲ..."

"ငါလုပ်မယ်..."

"ငါ!!"

"ငါ..."

အသံတွေကဘက်ပေါင်းစုံကထွက်လာလေသည်။

ချူကျင်းဇီသည် ယခင်ရွေးချယ်သည့်နည်းလမ်းကိုသာသုံးလိုက်ပြီး "မိသားစုထဲမှာ လူကြီးနှစ်ယောက်နဲ့ အနည်းဆုံးကလေးသုံးယောက်ရှိတဲ့သူတွေ ကျွန်မရဲ့ဘယ်ဘက်မှာရပ်ပေးကြပါ"

သူတို့သည် အယောက်ရှစ်ဆယ်ရှိနေသည်။

"ရှင်တို့ဒီအလုပ်အတွက် စာချုပ်ချုပ်ရလိမ့်မယ် တစ်ယောက်ချင်းစီကတစ်နေ့ကို တုတ်ချောင်းလေးရာ့ငါးဆယ်ထောက်ပံ့ပေးဖို့လိုအပ်တယ် တုတ်ချောင်းသုံးခုအတွက်ကြေးတစ်ပြားပဲ! လုပ်နိုင်ကြလား"

အားလုံးက တစ်ပြေးညီဖြေလိုက်ကြသည် "လုပ်နိုင်တယ်!!!"

"ကောင်းပြီ" ချူကျင်းဇီက ခေါင်းညိမ့်နေပြီး ကျန်တဲ့သူတွေကိုထပ်ကြည့်လိုက်သည် "နောက်တစ်ခုက အရေးကြီးဆုံးပဲ...."

လူတိုင်းရဲ့နားတွေက စွင့်ကားသွားကြသည်။

"ကျွန်မတို့ အနီးတစ်ဝိုက်မှာ ကောင်တီသုံးခုရှိတယ် ကျွန်မကကောင်တီတစ်ခုချင်းဆီမှာ ရေခဲချောင်းတစ်သောင်းရောင်းဖို့စိတ်ကူးထားတယ် ဒါတွေကိုရောင်းလို့ရမယ့် နည်းလမ်းနှစ်ခုရှိတယ်"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ်!Where stories live. Discover now