Chapter - 41 [ ကံကောင်းမှုများ ရောက်ရှိလာခြင်း ]

340 48 0
                                    

Chapter - 41 [ ကံကောင်းမှုများ ရောက်ရှိလာခြင်း ]

#unicode

ကျန်းရွာတွင်

ကျန်းရွာသို့ရောက်သည်နှင့် ချူရှုဟွာသည် ကျန်းလင်၏အိမ်သို့တန်းသွားလိုက်ပြီး သူက ကျန်းလင်တစ်ယောက်အိမ်ကထွက်လာတာနဲ့ တိုးမိလေသည်။ "ဦးလေးကျန်းလင် ကျွန်တော်လိမ္မော်သီးတွေဝယ်ဖို့ရောက်လာခဲ့တာပါ"

သည်အခါမှာတော့ ကျန်းလင်သည် ယခင်နေ့ရက်များလောက် စိတ်အားမထက်သန်နေခဲ့ပေ။ သူ့ကြည့်ရတာ ပြောစရာရှိနေပုံပေါ်ပြီး ချူရှုဟွာ၏ ပုခုံးပေါ်သို့ လက်တင်ကာ တစ်ဖက်သို့ခေါ်သွားလိုက်သည်။ "ရှုဟွာ ငါ့မှာမင်းနဲ့ဆွေးနွေးစရာလေးတွေရှိတယ်"

ချူရှုဟွာသည် များများစားစားမတွေးထင်ထားခဲ့ပါ။ သူက အလေးအနက်ပြန်ပြောလိုက်သည် "ဦးလေးကျန်းလင် မင်းမှာပြောစရာရှိနေရင်လည်း ပြောလိုက်ပါ"

ကျန်းလင်က ခဏလောက်တုံ့ဆိုင်းနေပြီးမှ "ရှုဟွာ ငါထင်တာကလိမ္မော်သီးတွေရဲ့ ဝယ်စျေးကနည်းနည်းများနိမ့်နေသလားလို့ မင်းတို့မြှင့်ပေးလို့ရမလား"

ချူရှုဟွာသည် ချက်ချင်းမကျေမနပ်ဖြစ်သွားခဲ့သည်။ သူတို့သဘောတူညီမှုယူပြီးသားကို သူကဘာလို့ရုတ်တရက်စိတ်ပြောင်းသွားရတာလဲ။  "ဦးလေကျန်းလင် ကျွန်တော်တို့စျေးအတွက် အစတည်းကသဘောတူထားပြီးသားပါ"

ကျန်းလင်က အထွန့်တက်လိုက်သည် "ငါ့အတွက် လိမ္မော်သီးတွေစိုက်ရတာခက်ခဲတယ်ဆိုတာ မင်းတို့နားလည်ပေးရမယ်လေ"

"ဦးလေးကျန်းလင် ကျွန်တော်ထပ်မေးပါရစေ လိမ္မော်သီးတွေကို မူရင်းစျေးနဲ့ရောင်းပေးမှာလား ဒါမှမဟုတ်မရောင်းပေးနိုင်ဘူးလား"

ချူရှုဟွာရဲ့သဘောထားက မပြောင်းလဲသေးတာကြောင့် တွေဝေသွားခဲ့သည်။ သို့သော် ငွေ၏ဆွဲဆောင်မှုကြောင့် သူနောက်ပြန်မဆုတ်ချင်တော့ပေ "ရှုဟွာ မင်းရဲ့မိသားစုတွေနဲ့ပြန်ပြီးဆွေးနွေးလိုက်ပါ မင်းတို့စျေးမြင့်ပေးဖို့သဘောတူရင် လိမ္မော်သီးတွေပြန်လာယူပါ မတူရင်တော့ အခြားနေရာကိုသာသွားလိုက်ပါတော့"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ်!Dove le storie prendono vita. Scoprilo ora