Chapter - 7 [ မွေးစားအမေနှင့်တွေ့ဆုံခြင်း]

593 79 0
                                    

Chapter - 7 [ မွေးစားအမေနှင့်တွေ့ဆုံခြင်း]

#unicode

သူမရဲ့တောက်ပတဲ့အပြုံးလေးကြောင့် အစ်မနှစ်ယောက်က သဘောတူလိုက်ပြီး "ကောင်းပြီ အစ်မတို့က ညီမလေးအတွက်လုပ်ပေးမယ်....ဒါပေမယ့် အစ်မတို့မှာ ပန်ကိတ်ထဲထည့်ဖို့အသားမရှိဘူး"

ချူကျင်းဇီက ချိုမြိန်စွာပြောလိုက်သည် "အစ်မတို့ရဲ့ အချက်အပြုတ်ကဒီလောက်ကောင်းတာ အသီးအရွက်ပန်ကိတ်ဆိုရင်တောင် အရမ်းအရသာရှိနေမှာပါ"

ချူအာ့နဲ့ ချူစစ်တို့ဟာ သူတို့ညီမလေးရဲ့ ချီးကျူးစကားကြောင့် အလွန်ပျော်ရွှင်သွားခဲ့ကြသည်။

ထို့နောက်သူတို့ဟာ အသိီးအရွက်ပန်ကိတ်တွေကို ပြင်ဆင်ကြတော့သည်။ အိမ်မှာဂျုံတွေရှိသေးပြီး ခဏနေရင်လည်း ဂျုံတွေထပ်ဝယ်လာဦးမှာဖြစ်တာကြောင့် ကုန်သွားမှာကိုစိုးရိမ်နေဖို့မလိုပါဘူး....

ချူရုံက မြည်းလှည်းကိုငှါးလိုက်ပြီး ထိုတောဝက်ကြီးများသည် သုံးရာကတ်တီစီလေးသည်။

တောဝက်တွေကို မြည်းလှည်းပေါ်တင်လိုက်ပြီး ချူရုံက အဝတ်နဲ့ကာလိုက်သည်။ မဟုတ်ရင် ရွာသားတွေတွေ့သွားတဲ့အခါ မနာလိုပြီး အတင်းပြောကြလိမ့်မယ်။

မြည်းလှည်းလေးထွက်သွားသောအခါ ချူကျင်းဇီက အမိုးအောက်မှာ ယပ်ခတ်ကာထိုင်နေခဲ့သည်။ ကောင်းကင်က မိုးမလင်းသေးဘူး၊ အခန်းထဲမှာကျပ်တာကြောင့် သူမက အပြင်မှာ ခဏအိပ်ဖို့လုပ်လိုက်သည်။

လူတိုင်းက သူမကိုကြည့်ကာ မတတ်နိုင်ပဲပြုံးလိုက်ကြသည်။ ကျင်းဇီကသူတို့အတွက် ကံကောင်းစေတဲ့ကြယ်ပွင့်လေးပဲ။ သူမရောက်လာတာနဲ့ အိမ်မှာ ငွေမိုးတွေရွာလာပြီ။

အဖေချူနဲ့ ချူယိတို့ကကောင်တီနဲ့ ရင်းနှီးတာကြောင့် မျှတတဲ့ဝယ်သူကိုရှာလိုက်ပြီး တောဝက်တွေကို ငွေလေးဆယ်တေးလ်နဲ့ရောင်းလိုက်သည်။

သူတို့နှစ်ယောက်သည် ပိုက်ဆံကိုယူလိုက်ပြီး ချူကျင်းဇီမှာသောအရာများကိုသွားဝယ်ခဲ့ကြသည်။

အဖေချူကပိုက်ဆံယူကာ အဝတ်ဆိုင်ကိုသွားလိုက်ပြီး ချူကျင်းဇီအတွက် အဝတ်၊ အိပ်ခင်းစသဖြင့် ပြုလုပ်ရန် အထည်စအနည်းငယ်ကိုဝယ်လိုက်သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ်!Hikayelerin yaşadığı yer. Şimdi keşfedin