Chapter - 12 [ မတရားမှုအား တိုက်ခိုက်ပေးခြင်း ]

570 69 4
                                    

Chapter - 12 [ မတရားမှုအား တိုက်ခိုက်ပေးခြင်း ]

#unicode

အမျိုးသမီးလီသည် ခြင်းပေါ်က အဝတ်စကိုအမြန်ပြန်ဖုံးလိုက်သည်။ လူတွေက ရံဖန်ရံခါ သူတို့အိမ်ရှေ့ကိုဖြတ်ဖြတ်သွားတတ်ကြ၏။ သူတို့သာ ဖရဲသီးကိုတွေ့သွားခဲ့ရင် ရုတ်ရုတ်သဲသဲတွေဖြစ်သွားကြလိမ့်မယ်။

"ကျင်းဇီ သမီးကို ဒီဖရဲသီးကြီးဘယ်သူပေးလိုက်တာလဲ"

"အိမ်ထဲမှာပြောကြရအောင်"

မိသားစုဝင်အားလုံးက ချူကျင်းဇီနောက်ကလိုက်သွားကြသည်။

အမျိုးသမီးလီက ခြင်းကိုစားပွဲပေါ်တွင်ကာ အဝတ်စကိုဖယ်လိုက်ပြီး ဖရဲသီးကိုထုတ်လိုက်သည်။ ထို့နောက် တချွင်ချွင်အသံကြားသောကြောင့် ခြင်းအောက်ကိုကြည့်လိုက်ရာ  ငွေနှစ်ချောင်းကိုတွေ့လိုက်လေသည်။

သူမရဲ့မျက်လုံးကိုပွတ်သပ်လိုက်မိသည်။ ငါထင်ယောင်ထင်မှားဖြစ်နေမိတာလား...ငွေချောင်းတွေဘယ်လိုလုပ်ဒီမှာရှိနေတာလဲ.....

သူမခြင်းထဲသို့ ပြန်ကြည့်လိုက်သောအခါ ငွေနှစ်ချောင်းကအမှန်တကယ်ရှိနေခဲ့သည်။ သူမဟာငွေချောင်းတွေကို ခြင်းထဲကထုတ်ပြီးစားပွဲပေါ်တင်လိုက်သည်နှင့် လူတိုင်းက ထိတ်လန့်သွားခဲ့ကြသည်။ ငွေတစ်ချောင်းကို ငါးဆယ်တေးလ်တောင်တန်ဖိုးရှိတာလေ....

ချူကျင်းဇီက မီးဖိုချောင်ထဲရှိ ဓားကိုအမြန်သွားယူလိုက်သည်။ အိမ်မှာ ၁၃ယောက်ရှိတာကြောင့် သူမကဓားကိုကိုင်ကာ အပိုင်းအနည်းငယ်ပိုင်းဖြတ်လိုက်သည်။ မကြာခင်မှာပဲ ဖရဲသီးကြီးကနေ အပိုင်းလေး ၁၃ပိုင်းဖြစ်သွားပြီး "တစ်ယောက်တစ်ခုစီ...ယူကြပါ"

ချူမိသားစုက ထိတ်လန့်နေကြတုန်းဖြစ်သည်။

တစ်ယောက်ကမှမလှုပ်ရှားကြတာကြောင့် သူမကပဲအစပြုကာ လူတိုင်းရဲ့လက်ထဲကို ဖရဲသီးတစ်စိတ်စီထည့်ပေးလိုက်သည်။ ထို့နောက် ဖရဲသီးရလာခဲ့ပုံကို ရှင်းပြလိုက်သည်။

ထိုအကြောင်းအားကြားပြီးနောက် အားလုံးက ချူကျင်းဇီကို မိသားရဲ့နတ်သမီးလေးတစ်ပါးအလား ဝိုင်းကြည့်နေကြသည်။ သူတို့ရဲ့မျက်လုံးထဲမှာ ပျော်ရွှင်မှု၊ အံ့အားသင့်မှု၊ မယုံကြည်နိုင်မှုတွေနဲ့ပြည့်နေခဲ့သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ်!Dove le storie prendono vita. Scoprilo ora