Chapter - 14 [ ရွာသားများကို ဆေးစစ်ပေးခြင်း]

631 73 2
                                    

Chapter - 14 [ ရွာသားများကို ဆေးစစ်ပေးခြင်း]

#unicode

"မင်းက တစ်ကယ်သမားတော်တစ်ယောက်လား" ရွာသူကြီးက သူမကိုမယုံကြည်နိုင်ပဲကြည့်လိုက်သည်။ ချူကျင်းဇီသာ တစ်ကယ်ပဲသမားတော်တစ်ယောက်ဆိုရင် သူမရဲ့ကောင်တီက မိသားစုက သူမကိုပြန်လွှတ်လိုက်ပါ့မလား။

သူမကစိတ်မပါစွာပြုံးကာ ကျောင်းချင်ကျုံးကို လကိညှိုးထိုးပြလိုက်သည်။

ကျောင်းချင်ကျုံးက တုန်သွားခဲ့သည်။ သူ့ရဲ့လျှို့ဝှက်ချက်ဟာ ထုတ်ဖော်ခံလိုက်ရတာကြောင့် တည်ငြိမ်မှုပြန်မရသေးပေ။ သူမသာ သူ့အကြောင်းတွေကို ထပ်ပြီးဖော်ထုတ်လိုက်ရင် သူရပ်တည်နိုင်တော့မှာ မဟုတ်ဘူး။

ချူကျင်းဇီက သူမလက်ကိုကျောင်းရှုဟွာဆီရွှေ့က ညွှန်ပြလိုက်ပြီး "ဒီအကျင့်မကောင်းတဲ့မိန်းမကြီးရဲ့ ဝမ်းဗိုက်နဲ့ ညာဘက်နံရိုးက မကြာခဏနာကျင်နေတတ်တယ်...တခါတလေမှာတော့ ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန်နာကျင်နေခဲ့တယ်"

ကျောင်းရှုဟွာရဲ့အမူအရာက ချက်ချင်းပြောင်းသွားခဲ့သည်။ ချူကျင်းဇီပြောတာ မှန်နေသည်လေ။

ချူကျင်းဇီသည် ထန်ကျင်းဟုန်ဘက်ကိုကြည့်လိုက်ပြီးနောက် "သူကအရမ်းအလုပ်ကြိုးစားလွန်းလို့ နေမကောင်းဖြစ်နေတယ်...သူ့အောက်နံရိုးမှာ မြှားတစ်စင်းကြောင့် ဒဏ်ရာရထားပြီး သေလုမြောပါး ဖြစ်ခဲ့တယ်...ပြီးတော့ သုံးကြိမ်တိုင်တိုင်လည်း ဓားထိုးခံခဲ့ရသေးတယ်... သူ့ဘဝတစ်လျှောက်လုံးမှာ အကြိမ်ပေါင်းများစွာ သေဆုံးလုနီးပါပဲ"

ထန်ကျင်းဟုန်သည် ရှော့ရသွားပါသော်လည်း သူ့မျက်နှာတွင် ထုတ်ဖော်မပြခဲ့ချေ။

"ရွာသူကြီး ရှင်ကခဏခဏ ခေါင်းကိုက်တတ်ပြီး ခြေလက်တွေကအားနည်းနေတယ်...ညဘက်မှာအိမ်မက်ဆိုးတွေမက်တတ်ပြီး ကောင်းကောင်းမအိပ်ပျော်ဘူး"

ချူကျင်းဇီက လူတစ်ချို့ကို ထပ်ပြီးဆေးစစ်ပြလိုက်ပြီး အချိန်တိုင်းလဲ တိကျမှန်ကန်နေခဲ့၏။

တတိယဦးလေးရဲ့မိန်းမ ဝမ်ချွေ့က ချူကျင်းဇီဆေးစစ်ပေးလိုက်သော လူအများစုမှတစ်ယောက်ဖြစ်သည်။ သူမကအံ့ဩစွာဖြင့် "သမီးက အဒေါ့်ရဲ့ရောဂါကိုဆေးစစ်ပေးနိုင်တယ်ဆိုတော့ ဆေးစာကောရေးပေးလို့ရမလား"

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ်!Dove le storie prendono vita. Scoprilo ora