အပိုင်း - ၃

18 5 0
                                    

"ဟျောင့်တွေ.... ငါတို့ အခု တက်နေတဲ့ ဒီကျောင်းမှာ သရဲပုံပြင်တစ်ခု ရှိတယ် တဲ့ ကွ...."

ဘေးနားက ဂျူနီယာအုပ်စုထံမှ ထွက်ပေါ်လာသည့် စကားသံကြောင့် ငါးယောက်သား မျက်ခုံးများ ပင့်မိသွားကြကာ ထိုဘက်သို့ နားစွင့်နေမိလေသည်။

တကယ်ဆို နောက်ဆုံးနှစ်အထိ ရောက်လာပေမယ့် ထိုကဲ့သို့ သရဲပုံပြင်များကို ဘာမှမကြားဖူးခဲ့ပါလေ။

ထို့ကြောင့် မိမိတို့ ငါးယောက်လုံးအတွက် အနည်းငယ် အထူးအဆန်းဖြစ်နေသွားသည်က ဟုတ်ပါသည်လေ။

"မင်း ဘာတွေ သိလာပြန်ပြီလဲ...."

သူတို့အချင်းချင်း ပြောနေကြသည်အား တိတ်ဆိတ်စွာဖြင့် ဆက်လက်၍ နားထောင်နေမိလေသည်။

"ငါတို့ ကျောင်း ရဲ့ ပိုင်နက်ထဲက ဟိုး.... အနောက်ဘက်မှာ ဂိုထောင်ပျက်ကြီး တစ်ခုရှိတယ်တဲ့..."

ထိုသည်အားကြားသော် တကယ်ရှိနေသည်ဖြစ်ကြောင်းအား Lavender မှ ခေါင်းညိတ်ပြ၍ အတည်ပြုပေးလေသည်။

ဟုတ်ပါသည်။ ကျောင်းပိုင်နက်သည်ကား နိုင်ငံအတွင်း အကျယ်ဝန်းဆုံး ဧရိယာဖြစ်လေပြီး ကျောင်းပင်မဆောင်အပြင် အခြားသော အဆောင်များစွာကလည်း တည်ရှိနေသလို ကျောင်း ၏ အနောက်ဘက် တစ်နေရာတွင်လည်း ဂိုထောင်ပျက်ကြီး တစ်ခု ရှိနေလေသည်။

သို့သော် ထိုဂိုထောင်ပျက်သည်ကား အသုံးပြုသူမရှိသလို ထိုဘက်သို့လည်း သွားစရာ ကိစ္စများလည်း မရှိသ၍ ကျောင်းတက်နေရင်းနဲ့တောင် ထိုဘက်သို့ ခြေတစ်လှမ်းတောင် မလှမ်းမိပါချေ။

ထို့အပြင် ထိုကဲ့သို့သော ပုံပြင်တွေ ၊ နောက်ကြောင်းတွေ ဆိုသည်ကား ပို၍ပင် မသိပါချေ။

"အေး.... အဲ့ ဂိုထောင်ကြီးမှာ မကျေနပ်ချက်တွေနဲ့ သေသွားတဲ့ ကျောင်းသားတွေရဲ့ ဝိဉာဉ်တွေက ခြောက်လှန့်နေပြီး သူတို့ ရှိနေကြောင်းကို သတိပေးတာတဲ့....

အဲ့ကျောင်းသားတွေက သူတို့ရဲ့ ဝိဉာဉ်တွေကို လူတစ်ယောက်က အဲ့ ဂိုထောင်ထဲမှာ ချည်နှောင်သွားလို့ သူတို့တွေက အဲ့ထဲက ထွက်လို့မရဖြစ်နေတာ...."

Genius : The SecretWhere stories live. Discover now