အပိုင်း - ၂၈

8 2 0
                                    

"မင်းတို့ ခံနိုင်ပါ့မလားတော့ မသိပေမယ့် အတွင်းကမ္ဘာ ရဲ့ ဝင်ပေါက်က The Gate of Hell ပဲ..."

The Gate of Hell ဆိုသည့် အသံကြောင့် နားထောင်နေသည့် ရှစ်ယောက်လုံး ကြောင်အသွားလေသည်။

The Gate of Hell ဆိုသည်မှာ The Victoria နိုင်ငံ ၏ မီးတောင်တစ်ခု ဖြစ်လေသော Mount Victoria ၏ တောင်ခြေနားလောက်တွင် ရှိလေတော့ ဘယ်အချိန်တုန်းကမှ မီးတောက်များ မငြိမ်းခဲ့သည့် တွင်းကြီးတစ်ခု ဖြစ်ပါလေသည်။

The Gate of Hell ကို ရှာတွေ့ခဲ့စဉ်တုန်းက များစွာသော စမ်းသပ်မှုများ နှင့် လေ့လာမှုများကို ပြုလုပ်သော်လည်း ပူလွန်း၍ အနားတောင် မကပ်နိုင်သလို ကပ်နိုင်ပြီးတော့ လေ့လာမှုများ လုပ်ခဲ့တုန်းက ဆိုလျှင်ဖြင့် ဘာမှကို ထူးခြားစွာ မတွေ့ပေမယ့်လည်း ထိုအတွင်းမှာတော့ မီးတောက်များက တောက်လောင်နေဆဲ ဖြစ်ပါလေသည်။

"နင်ဟာက သေချာလို့လား...."

"ငါ့အတွက် အကျိုးရှိမယ့်ဟာကို ငါက လိမ်ရမှာလား...."

ယုံကြည်ဖွယ်ကောင်းသည်ဖြစ်၍ သူ့ကို အပေးအယူ လုပ်ထားသည့်အတိုင်း လွှတ်ပေးဖို့အတွက် လုပ်ပါတော့သည်။

"ငါတို့ မင်းကို လွှတ်ပေးမယ် ဒါပေမယ့် ခဏလေး မင်းရဲ့ ညာဘက်ထောင့်နားက စက်ကလေးကိုတော့ မင်း အချိန်ပြည့်ယူထားမှ ဖြစ်မယ်.... မဟုတ်ရင် ငါတို့နဲ့ ဆက်သွယ်ဖို့ကို မင်း အခက်အခဲ ဖြစ်နေမှာစိုးလို့..."

Lavender ပြောသည်အား လက်ခံစွာဖြင့် ထိုစက်လေးအား လှမ်းယူလိုက်သည့် SVWA1....

ထို့နောက် မှန်တံခါးအား ဖွင့်လိုက်လေသော် အတွင်းထဲမှ SVWA1 က ထွက်လာလေပြီး သူ ၏ ချွဲပစ်ပစ် လက်တံများကဲ့သို့ အချောင်းအရှည်ကြီးများဖြင့် လမ်းလျှောက်သလိုဖြင့် Lavender ၏ အနီးအနားသို့ ရောက်လာကာ Lavender ၏ ပုခုံးပေါ်တွင် နေရာယူလိုက်လေသည်။

Lavender တစ်ယောက် မိမိစီသို့ လှမ်းလာသည့် SVWA1 အား ကြောက်၍ ငြိမ်နေသော်လည်း သူက ဘာမှ မလုပ်လေဘဲ မိမိ ၏ ညာဘက် ပုခုံးပေါ်တွင်သာ နေရာယူပြီး မိမိကိုယ်ပေါ်နှင့် ကပ်လိုက်မည်ဟု အသိပြောလိုက်သလိုပင်။

Genius : The SecretDonde viven las historias. Descúbrelo ahora