အပိုင်း - ၄

16 5 0
                                    

ကွန်ပျူတာခန်းထဲတွင်တော့ Lavender အပြင် အခြား ကျောင်းသားအချို့လည်း ရှိနေလေသည်။

Lavender သည်ကား မိမိ နှင့် ပတ်သက်သည့် file များကိုသာ Personal Computer ထဲကိုသာ ထည့်လေပြီး အခြားသူများ၏ ကိစ္စများဖြစ်ပါက ကျောင်း ၏ Computer ကိုသာ အသုံးပြု၍ လုပ်ပါလေသည်။

အခုလည်း ကျောင်းကိစ္စဖြစ်၍ ကျောင်း Computer နှင့်သာ ထိုင်လုပ်နေသည်မှာ ကျောင်းတောင်ဆင်းတော့လို့ ညနေပင် စောင်းနေလေပြီ။

Computer သုံးနေသည့် ကျောင်းသားအချို့သည်လည်း သူတို့၏ ကိစ္စများကို လက်စသတ်သွားကြကာ တစ်ယောက်ပြီး တစ်ယောက် ကွန်ပျူတာခန်းထဲမှ ထွက်သွားကြလေသည်။

သို့သော် အခုထိ ထိုင်ခုံကနေ တစ်ချက်ကလေးတောင် မထလာသည်ကတော့ မမ Lavender ပါလေ။

ဘေးနားတွင်လည်း Iced Lemon Tea တစ်ခွက်ကိုလည်း ဆောင်ထားလေသည်။

ဟုတ်ပါသည်။ ဒီနောက်ပိုင်း Lavender ၏ ကျန်းမာရေး အခြေအနေကြောင့် ဆရာဝန်သည်ကား ကော်ဖီများကို လျော့သောက်ခိုင်းသလို Lavender သည်လည်း ကော်ဖီတစ်ငုံလောက် သောက်လိုက်လျှင်တောင် ခေါင်းမူးလာကာ ဆောင်ထားသည့် ဆေး ကို အချိန်မမှီလိုက်လျှင်ဖြင့် လဲကျသွားသည်အထိတောင် ဖြစ်တတ်သွားလေသည်။

ထို့ကြောင့် ဒီနောက်ပိုင်းများတွင်တော့ Iced Lemon Tea ကိုသာ အဓိကထား၍ သောက်တတ်လာလေသည်။

Coding များကို ရေးရင်းဖြင့် မျက်ရည်ပူများထွက်လာ၍ တပ်ထားသည့် မျက်မှန်ကို ချွတ်လိုက်လေကာ Iced Lemon Tea ကို တစ်ငုံလောက် သောက်လိုက်လေပြီး မျက်လုံးမှိတ်ချလိုက်လေကာ ခုံ ၏ နောက်ကျောသို့ မှီချလိုက်လေသည်။

ငါးမိနစ်အကြာလောက် မျက်လုံးမှိတ် အနားယူပြီးသော် မျက်လုံးသည်ကား ပြန်ဖွင့်လိုက်လေပြီး နောက်ထပ် Iced Lemon Tea တစ်ငုံကို ထပ်သောက်လိုက်လေသည်။

ခဏ ခဏ သောက်လွန်း ၍ ဒီတစ်ခေါက် သောက်သည်ကား နောက်ဆုံး လက်ကျန်သော Iced Lemon Tea ပါလေ။

သောက်နေသည့် Iced Lemon Tea သည်ကား ကုန်သွား၍ Lavender သည်ကား ငိုမဲ့မဲ့လေး ဖြစ်သွားကာ ခုံပေါ်သို့ Iced Lemon Tea ခွက်လေးအား အသာလေး ဖြန်ချလိုက်၍ လက်ချောင်းများကို အကြောဆန့်လိုက်လေကာ Keyboard ပေါ်သို့ လက်ချောင်းလေးများကို ပြန်တင်၍ လုပ်ဆောင်ရမည့် အလုပ်ကိုသာ ဆက်၍ လုပ်ဆောင်နေလေသည်။

Genius : The SecretOù les histoires vivent. Découvrez maintenant