အပိုင်း - ၁၀

15 4 0
                                    

ညအချိန်ခါ The Victoria University ၌....

ချိန်းဆိုထားသည့် နေရာတွင် လူစုံအောင်စောင့်ပြီးသော် ငါးယောက်လုံး စုံသည်နှင့် Black Hoodie နှင့် Black Mask များကို ဝတ်ဆင်လိုက်လေကာ ဦးတည်ရာသည်ကား ကျိန်းသေပေါက်ကို ဂိုထောင်ပျက်စီသို့....

ဂိုထောင်ဆိုသော်လည်း ခိုင်မာစွာတည်ဆောက်ခဲ့၍ အုတ်နံရံတို့က ရှိနေလေကာ အခန်းအချို့ကလည်း တည်ရှိနေလေသည်။

ဂိုထောင်အရှေ့သို့ ရောက်သော် ပင်မ တံခါးကနေ မဝင်လေဘဲ ဘေးဘက်တွေကို လိုက်လံ စစ်ဆေးကြလေသည်။

ညာဘက်ဘေးခြမ်းကို သွားကြည့်မည်ဆိုလျှင် ခွေးတိုးပေါက်ကဲ့သို့ တစ်တစ်ကိုယ်စာ ကုန်း၍ ဝင်လို့ရသည့် အပေါက်တစ်ခုက ပွင့်နေသည်ကို တွေ့လိုက်လေသည်။

ထိုသည်အား မြင်၍ မကြောက်တတ်သည့် Lavender သည်ကား အရင်ဆုံးနှိုက်ကြည့်လိုက်သော် လမ်းပေါက်တစ်ခုကဲ့သို့ အကျယ်အဝန်းတစ်ခုက ရှိနေကြောင်းကို ခံစားမိလေသည်။

"ဒီကနေ ဝင်ရင်တော့ ရလောက်မယ်ထင်တယ်.... ဘာပဲဖြစ်ဖြစ် အထဲရောက်ဖို့ကို စွန့်စားရမှာပဲ.. ငါတို့က ဂိုထောင်ရဲ့ ဖွဲ့စည်းပုံကိုမှ မသိရသေးတာ...."

Lavender ပြောသည်အား အသံတိတ် ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြလေသည်။

ပြောပြီးသည်နှင့် ချက်ချင်းပင် ဝင်တော့မည် လုပ်နေသော Lavender အား Nerissa မှ လက်ကို လှမ်းကိုင်လေသည်။

Lavender က ဘာလဲဆိုသည့် အကြည့်ဖြင့် ပြန်လှမ်းကြည့်သော်....

"အန္တရာယ်များတယ်... အချစ်လေး အရင်မဝင်နဲ့ မမ အရင်ဝင်မယ်...."

စိတ်ပူပေးတတ်လွန်းသည့် မမ ကြောင့် Lavender တစ်ယောက် ရင်ထဲတွင် ပန်းတို့ ပွင့်လျက်....

တကယ်လည်း Nerissa က အရင်ဝင်သွားလေပြီး အထဲက ပတ်ဝန်းကျင် အခြေအနေကို စစ်ဆေးပြီးမှသာ ဝင်လာခဲ့သည့် ထိုအပေါက်ကနေမှတဆင့် အိုကေ ဆိုသည့် ပုံစံလေး လုပ်ပြလိုက်သော်....

တစ်ဖက်က အဆင်ပြေပြီဆိုသည် နှင့် Lavender တစ်ယောက် အထဲသို့ လိုက်ဝင်လိုက်လေသည်။

Lavender ဝင်ပြီးသည်နှင့် နောက်တစ်ယောက် ဝင်လာလို့ အဆင်ပြေကြောင်းကို OK Sign အား ဝင်လာခဲ့သည့် အပေါက်မှ ထုတ်ပြ၍ အချက်ပြလိုက်လေသည်။

Genius : The SecretDonde viven las historias. Descúbrelo ahora