အပိုင်း - ၂

17 5 0
                                    

အတန်းနားချိန်ဖြစ်၍ ငါးယောက်လုံး canteen ထဲတွင် နေ့လည်စာအား ထိုင်စားနေလေသည်။

သီးသန့် နားနေခန်းကို ပြင်ဆင်ပေးထားသော်လည်း ကျောင်းသားအသစ် ဂျူနီယာလေးများကို အကဲခတ်ချင်သည့်အတွက် canteen တွင် မုန့်လာစားကြခြင်းဖြစ်လေသည်။

ထောင့်အကျဆုံး စားပွဲခုံတစ်ခုတွင် နေရာယူလိုက်လေကာ လိုချင်သည်များအား ချထားပေးသည့် tablet ကနေမှတဆင့် စားချင်သည်များကို မှာယူလိုက်လေသည်။

"Lavender တကယ် မဟာတန်း ကို ဆက်တတ်မလို့လား..."

မယုံသင်္ကာဖြစ်နေသည့် Treyton သည်ကား မယုံကြည်သည့် မျက်လုံးများဖြင့် ကြည့်လျက် မေးလာလေသည်။

"ဟဲ့.... ငါက အသက်ငယ်သေးတယ်ကွ အဲ့တော့ မဟာတန်းကို အေးဆေးလေးပဲ ဆက်တတ်လို့ ရသေးတယ်...."

တစ်ခွန်းမကျန်ပင် ပြန်ပြောတတ်လာသည်ကား Lavender ကို ရှေ့နေတစ်ယောက်ဖြစ်ဖို့အတွက် အထောက်အပံ့ပေးနေသည့် စွမ်းရည်တစ်ခုလို ဖြစ်လာလေသည်။

Nerissa မှာတော့ ပြုံးပြုံးကြီးနှင့်သာ သူမ ၏ ချစ်သူလေး Lavender ဘာပြောပြောကို ခေါင်းညိတ်၍သာ မှန်ကြောင်းကို ထောက်ခံနေလေသည်။

Nerissa ကိုကြည်ပြီး Lavender မှအပ အခြားသုံးယောက်မှာတော့ ဆေးမမှီတော့လေဘူး ဆိုသည့် အကြည့်တို့ဖြင့် Nerissa အား ကြည့်ကာ ခေါင်းခါလျက်....

"ဒါနဲ့ သူငယ်ချင်းတို့...."

ငြိမ်နေသည့် Hazel ထံမှ အသံထွက်လာ၍ လေးယောက်လုံး ၏ အကြည့်သည်ကား Hazel ထံသို့....

"ဘာဖြစ်လို့လဲ Hazel..."

တစ်ခုခုအား ပြောချင်ပေမယ့် ပြောမထွက်သည့် ပုံစံ ဖြစ်နေသော Hazel အား စကားလမ်းကြောင်း ဖွင့်ပေးသည့် အနေဖြင့် Lavender က မေးခွန်းတစ်ခုနှင့် ထောက်ပြပေးလိုက်လေသည်။

"ငါ... ငါတို့.... လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က သွားခဲ့တဲ့ ရွာကို မှတ်မိလား...."

Hazel ၏ ထိုမေးခွန်းသံကြောင့် ကျန်လေးယောက် ၏ မျက်နှာထက်တွင် အပြုံးတို့သည်ကား ပျောက်ကွယ်သွားလေပြီး မျက်နှာထက်၌ စိုးရိမ်စိတ်တို့က ပေါ်ပေါက်လာလေသည်။

Genius : The SecretOù les histoires vivent. Découvrez maintenant