အပိုင်း - ၂၀

9 3 0
                                    

"Assistant... WG11V ထဲက Control Section အထိကို တံခါးတွေ အကုန်ဖွင့်လိုက်...."

ခိုင်းချင်သည့် ဘာသာစကားဖြင့် စေခိုင်းနေသည့် Lavender ကတော့ ဘယ်လိုနေမလဲမသိပေမယ့် Ai ကတော့ ဘာသာစကား ခဏခဏ ပြောင်းနေရလေသည်။

Lavender ၏ အမိန့်အသံအနောက်တွင် တံခါးတွေ အကုန်ပွင့်သွားလေပြီး မြင်လိုက်ရသည့် ရေငုပ်သင်္ဘော အတွင်းပိုင်းကို တွေ့လိုက်သော်...

"ဟာ.... SH!T...." x6

မြင်လိုက်ရသည်များ က သွေးများစွာက ကြမ်းပြင်ပေါ်တွင် ပွကြဲနေပြီး မျက်လုံးနှစ်လုံး မရှိသည့်အပြင် ဗိုက်ကိုလည်း ဟက်တက်အခွဲခံထားရပြီး ကလီစာတွေ အထုတ်ခံထားရသည့် အလောင်းသုံးလောင်း....

ပထမဦးဆုံး မြင်လိုက်ရသည့် အလောင်း နှင့် ပုံစံတူ အသတ်ခံထားရ၍ လူအချင်းချင်း သတ်တာကတော့ ဖြစ်နိုင်ပါ့မလား ဆိုသည့် အတွေးတို့ကလည်း တဖြေးဖြေး ဝင်လာလျက်....

"သူတို့အချင်းချင်း ရန်ဖြစ်ပြီး သတ်တာကလည်း ဖြစ်နိုင်ချေ ရှိသေးတယ်ဆိုတော့ ပယ်လို့တော့ မရသေးဘူး....

အခုလက်ရှိတော့ ဖြစ်နိုင်တာက အခုထိ ရှာလို့ မတွေ့သေးတဲ့ နှစ်ယောက်ပဲ...."

Zeke ပြောသည်ကလည်း ဖြစ်နိုင်ချေ ရှိသေး၍ စိတ်မကောင်းစွာဖြင့်သာ အချင်းချင်း ရန်ဖြစ်၍ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း အခြေအနေကိုသာ သတ်မှတ်ထားလိုက်ရပါသည်။

ကြားထဲက အခန်းများကို သေချာမရှာသေးလေဘဲ ကျဆင်းနေသည့် Oxygen Level ကို ပြန်လည် မြင့်တင်ရန်အတွက် လမ်းတွင် ပိတ်နေသော စိတ်မကောင်းစရာ အလောင်းများကို ဖယ်လိုက်ကာ သပ်သပ် တစ်နေရာတွင် စုထားလိုက်လေပြီး ဦး တည်ရာသည်ကား ထိပ်ဆုံးရှိ Control Section သို့ပင် ဖြစ်လေသည်။

Control Section သို့သာ အာရုံထား၍ သွားနေသည့် ကျန်သော ပတ်ဝန်းကျင် အခြေအနေများကိုမူ လှည့်၍တောင် မကြည့်နိုင်ပါလေ။

တော်ကြာ Oxygen Level က အကုန်ကျသွားမှဖြင့် လူကြားမကောင်းစွာဖြင့် TGC အဖွဲ့က Project G တစ်နည်းအားဖြင့် Genius များက Oxygen မရှိ၍ သေသွားခြင်းဆိုပြီး ခေါင်းစဉ်ထပ်၍ သတင်းစာထဲတွင် မပါချင်သေးပါလေ။

Genius : The SecretDonde viven las historias. Descúbrelo ahora