အပိုင်း - ၂၂

9 3 0
                                    

"Assistant... Close the door between the Control Section and Meeting Room! Remember! Not WG12V..."

လက်တွင် ပတ်ထားသည့် နာရီနားသို့ ကပ်ကာပြောလိုက်ပြီး Ai ကို အမိန့်ပေးလိုက်သော်....

တံခါးသည်ကား ချက်ချင်း ပိတ်သွားလေပြီး SVWA2 သည်လည်း အထဲသို့ လိုက်ဝင်၍ မရပါလေ။

"အဲ့ကောင် လက်ထဲက လွတ်ဖို့ထက် Lavender... နင် Passcode ကို ဖွင့်ပြီး Oxygen အတွက် Level တိုးဖို့ကို နင် ဘာမှကို မလုပ်သွားတာနော်...

တော်သေးတာပေါ့ Passcode ကို ဖွင့်ပြီးတာနဲ့ Oxygen Level ကို auto တိုးတဲ့ စနစ်ကို ထည့်ထားလို့ပေါ့..."

Hazel က ဆူနေသော်လည်း Lavender မှာတော့ ဘာမှကို နားထဲ မကြားလေတော့ဘဲ ခုနက မိမိစီသို့ တည့်တည့်မတ်မတ်ကြီးကို ပြေးလာသည့် SVWA2 ၏ ပုံရိပ်ကိုသာ မျက်လုံးထဲ၌ မြင်နေရလေသည်။

"ငါတို့ ဘယ်လို ပြန်ထွက်ကြမလဲ.... Control Section ထဲမှာပဲ နေလို့မရဘူးနော် ငါတို့ B ကိုလည်း ရှာရဦးမယ်...

A, D, E, F တို့က သေသွားကြပြီဆိုတာ အခု ငါတို့ အလောင်းကို တွေ့ကြပြီပဲ...

အခု ကျန်နေတာဆိုလို့ SVWA2 ဖြစ်နေတဲ့ C ရယ် အသက်ရှင်လား မရှင်လား မသဲကွဲတဲ့ B ရယ်...

ဖြစ်နိုင်ရင်တော့ ငါကတော့ SVWA2 ကို ငါတို့ စခန်းစီကို ပြန်ခေါ်သွားပြီး စမ်းသပ်ချက်တွေ လုပ်ချင်သေးတယ်..."

Marcellus ပြောသည်ကို အားလုံးက ခေါင်းညိတ်၍သာ ပြန်ဖြေနိုင်လေသည်။

"ခုနက စာတမ်းထဲမှာ ပြောထားတာက SVWA1 မှာ အားနည်းချက် ၊ အားသာချက်တွေကို ရေးထားတာရှိတယ်...

နောက်ပြီး SVWA2 မှာက SVWA1 ထက်ပိုသာတဲ့ အားသာချက်တွေ ရှိသလို အားနည်းချက်တွေကလည်း SVWA1 ထက် ပိုပြီးတော့ အထိအရှလွယ်တယ်တဲ့..."

Treyton ပြောသည်ကြောင့် ခုနက ဖတ်ခဲ့သမျှ စာတမ်းအားလုံးကို မှတ်ဉာဏ်ထဲသို့ ပြန်၍ ခေါ်နေတော့လေသည်။

Lavender ကတော့ ဟောဟဲလိုက်နေသည့် အသံဖြင့်....

"Assistant... SVWA2 ကို မင်း ဖမ်းနိုင်လား..."

"တောင်းပန်ပါတယ်။ Ai က ထိုကဲ့သို့မျိုး လုပ်ပေးလို့ မရပါဘူး။ ဒါပေမယ့် Ai နဲ့ ဆက်သွယ်လို့ ရတဲ့ လက်ပတ် နာရီ ထဲမှာတော့ မေ့ဆေးမြှား အသေးစားလေးများကို ထည့်သွင်းထားပေး၍ အကူအညီဖြစ်နိုင်ကြော်းကိုလည်း အသိပေးအပ်ပါတယ်။"

Genius : The SecretWhere stories live. Discover now