အပိုင်း - ၈

19 5 0
                                    

"The Genius Class ရဲ့ ရာဇဝင်ကို ပြောရမယ်ဆိုရင် The Victoria နိုင်ငံတော်ရဲ့ တည်ထောင်မှုကနေ စတင်ရမယ်...

အာ.. Lavender... ဆရာ့ အနားကို ခဏလာခဲ့ပါဦး...."

ဆရာက လှမ်းခေါ်၍ Lavender တစ်ယောက် ဆရာ ဖြစ်သူ ၏ အနားသို့ သွားသော်....

Lavender ၏ နား အနားသို့ ကပ်၍ တစ်ခုခုကို ပြောနေသည့် Enzo....

Enzo ပြောနေသည်အား ဂရုတစိုက်နားထောင်နေသည့် Lavender သည်လည်း မျက်လုံးများထဲတွင် အံ့ဩနေသည့် ပုံရိပ်တို့က အပြည့်ဖြင့်.....

စကားပြောပြီး ချက်ချင်းပဲ Lavender တစ်ယောက် စာသင်ခန်း ၏ ထောင့်တိုင်းတွင် မမြင်နိုင်အောင် တပ်ထားသည့် လျှို့ဝှက်ကင်မရာ နှင့် အသံဖမ်းစက်များကို လိုက်လံဖြုတ်လိုက်ကာ ဖျက်စီးလိုက်လေသည်။

ဟုတ်ပါသည်။ Lavender အား Enzo ပြောပြလိုက်သည်က The Genius Class ထဲတွင် ဝှက်ထားသည့် အပြင်လူတို့ ၏ လျှို့ဝှက်ကင်မရာများ ၊ အသံဖမ်းစက်များ ၏ တည်နေရာကို ပြောပြလိုက်ခြင်း ဖြစ်လေသည်။

ကျန်လေးယောက်မှာလည်း ဘယ်သူမှ အလွယ်တကူ ဝင်မရောက်နိုင်သော The Genius Class ထဲတွင် များစွာသော လျှို့ဝှက်ကင်မရာများ နှင့် အသံဖမ်းစက်များကို မြင်လိုက်ရသလို ကိုယ်တိုင်ကလည်း မသိဖြစ်နေ၍ အတော်ပင် အံ့ဩမိသွားကြလေသည်။

"ဆရာ ဒါတွေက..."

Hazel တစ်ယောက် နားမလည်နိုင်သည့် အကြည့်တို့ဖြင့် ဆရာဖြစ်သူကို ကြည့်ကာ Lavender ဖျက်စီးထားသော ထိုအရာများကို လက်ညိုးထိုး၍ မေးမိသွားလေသည်။

"မင်းတို့ကို စောင့်ကြည့်နေတဲ့ အပြင်လူတွေရှိတယ်.... မှတ်ထား The Genius Class ရဲ့ လက်ရှိ မိသားစုဝင်တွေက မင်းတို့ ငါးယောက် နဲ့ ဆရာအပါအဝင်မှ ခြောက်ယောက်ပဲ....."

ပုံမှန်ထက် ပို၍ တည်ငြိမ်နေကာ ဒေါသရောင်သန်းနေသည့် မျက်ဝန်းတို့ဖြင့် ဆရာဖြစ်သူ ၏ ပုံစံကို မြင်လိုက်ရသော် ငါးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်မိကာဖြင့် သတိထားနေဖို့ရာအတွက် အချက်ပြနေမိကြလေသည်။

"ဟူး.... ဒါတွေထားလိုက်ပါ... အခုတော့ ကိစ္စအချို့ကို စပြီးတော့ ပြောပြဖို့ရာအတွက် လုံခြုံသွားပြီ..."

Genius : The SecretTempat cerita menjadi hidup. Temukan sekarang