အပိုင်း - ၃၄

7 2 0
                                    

"ဟျောင့်တွေ... ထကြတော့ဟ... Black Hole နားကို ရောက်နေပြီ...."

နားထဲသို့ သဲ့သဲ့လေး ဝင်လာသည့် အသံ...

ထို့အပြင် တစ်ခုခုကလည်း မိမိ ၏ ပါးသို့ လာရိုက်နေ၍ Lavender တစ်ယောက် အသိပြန်ကပ်ကာ နိုးထလာလေတော့သည်။

ကျန်သည့် ငါးယောက်သည်လည်း တစ်ယောက်ပြီး တစ်ယောက် SVWA1 ၏ နှိုးမှုအောက်တွင် နိုးထလာကြလေတော့သည်။

ခေါင်းများက မူးဝေနေသေးသည့်အတွက် ခဏလောက် မျက်လုံး ပြန်မှိတ်လိုက်လေကာ ငြိမ်နေလိုက်ကြပါလေသည်။

နားများသည်လည်း အူနေ၍ အကြားအာရုံကို ခဏလောက် အလုပ်မပေးပဲ နေလိုက်လေတော့သည်။

ထိုသည်ကြောင့် အပြင်ပတ်ဝန်းကျင်ကိုလည်း အာရုံမစိုက်နိုင်ပါလေ။

အဖွဲ့ထဲတွင် Treyton က အရင်ဦးစွာ အာရုံပြန်စိုက်နိုင်၍ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်လေသော်....

"ဟျောင့်တွေ.... ဟိုမှာ ကြည့်လိုက်ဦး...."

အံ့ဩတကြီးဖြင့် Treyton တစ်ယောက် ညွှန်ပြလာသည့် နေရာသို့ အားလုံးက ကြည့်လိုက်လသော်....

အနက်ရောင် တွင်းကဲ့သို့ အပေါက်ကြီးတစ်ခု....

ဘေးပတ်လည်တွင် ရွှေရောင်အလိုင်းများက ထိုတွင်းကြီး ၏ လျင်မြင်နေသော ပတ်လည်မှုကို ဖော်ပြနေသယောင်....

"အဲ့ဒါက မင်းတို့တွေ မြင်ဖူးချင်နေကြတဲ့ Black Hole ပဲ...."

SVWA1 ၏ ဂုဏ်ယူစွာ ပြောနေသည့် အသံသည်ကား နားထဲတွင် မရောက်နိုင်တော့လေဘဲ ခြောက်ယောက်လုံး Black Hole ကို ကြည့်၍ အံ့ဩမှင်သက်လျက်....

"ငါတို့ ရှိနေတဲ့ နေရာက Black Hole နဲ့ အတော်နီးနေပြီမလား... ဒါဆိုရင် ငါတို့က ဘာလို့ Black Hole ရဲ့ စုပ်ယူခြင်းကို မခံရတာလဲ..."

နားလည်နေမှု ၏ အတိုင်းအတာကို ကျော်လွန်သွား၍ Marcellus သည်ကား အနောက်တွင် ရှိနေလေသော SVWA1 အား လှည့်၍ မေးလိုက်လေသည်။

"ဟက်.. ငါမင်းတို့ကို ပေးထားတဲ့ memory stick ကြောင့်လေ.... မင်းတို့ကို ပြောပါတယ် အဲ့ဒါက အသုံးဝင်ပါတယ်လို့..."

Genius : The SecretTempat cerita menjadi hidup. Temukan sekarang