အပိုင်း - ၃၀

7 2 0
                                    

ထိုအချိန် နားထဲတွင် ကြားလာသည့် အမည်မသိသော ထူးဆန်းသည့် ဘာသာစကားတစ်ခု...

စကားသံကြားလာသည့် ဘက်သို့ ကြည့်လိုက်လေသော် မိမိတို့အား မျက်နှာမူလျက် ပြုံးပြနေသည့် အမျိုးသမီးကြီး တစ်ယောက်....

ခြောက်ယောက်သား နားမလည်သည့်အပြင် အမျိုးသမီးကြီးသည်ကား မိမိတို့လို လူသားတစ်ယောက် ဖြစ်နေ၍ မျက်ခုံးများက အလိုလိုပင့်မိသွားလေသည်။

"ကြည့်ရတာ ငါတို့ ဘာသာစကားကို နားမလည်ပုံထောက် အတွင်းကမ္ဘာက လူတွေတော့ မဖြစ်နိုင်ဘူး..."

ရုတ်တရက် မိမိတို့ ဘာသာစကားကို ပြောလာ၍ မျက်ခုံးများပင့်နေရာကနေ ပါးစပ်ကလေး အဟောင်းသား ဖြစ်သွားသည့် ခြောက်ယောက်....

"မအံ့ဩကြပါနဲ့.... ငါတို့လည်း မင်းတို့လိုမျိုး လူသားတွေထဲက လူသားတွေပဲ မလို့..."

ထို့နောက် အမျိုးသမီးကြီးက ခပ်ဟဟလေး ရယ်လိုက်ပါလေသည်။

"ကဲ... ငါ့အနောက်ကို လိုက်ခဲ့ကြ... မင်းတို့ကို အတွင်းကမ္ဘာ ရဲ့ အုပ်ချုပ်သူနဲ့ မိတ်ဆက်ပေးမယ်.... အပြင်ကမ္ဘာက လူသားတွေ...."

မိမိတို့ကို ရန်မပြုသည့်အပြင် ဖော်ရွေနေလေကာ မိမိတို့ကိုလည်း ဘယ်ကနေ လာမှန်းကို သိနေသည့် အမျိုးသမီးကြီးသည်ကား အနည်းငယ်တော့ ထူးဆန်းနေသည်က တကယ်ပါလေ။

သို့သော်လည်း မိမိတို့ကို အန္တရယ်မပေးဘူးဆိုသည့် အတွေးသည်ကား ခေါင်းထဲသို့ နေရာယူလာ၍ ယုံကြည်စွာဖြင့် ထိုမိန်းမကြီး အနောက်သို့ လိုက်သွားလေသည်။

ရွာကဲ့သို့ နေရာအား ဖြတ်လျှောက်သွား၍ ရွာလမ်းလို့ ခေါ်နိုင်ပေသည့် လမ်းကို ကျိန်းသေပေါက် ဖြတ်လျှောက်ရပါလေသည်။

အခြားသော သူများကလည်း မိမိတို့အား မြင်သော် ထူးဆန်းသည့် အကြည့်တို့ဖြင့် ကြည့်သည်ကလွဲလို့ ကျန်တာကတော့ ဘာမှ မလုပ်ပါလေ။

ထို့အပြင် မိမိတို့အား အုပ်ချုပ်သူစီသို့ ခေါ်သွားသည့် အမျိုးသမီးကြီးနှင့်လည်း တစ်လျှောက်လုံး သူတို့ ၏ ဘာသာစကားများကို ပြောဆို၍ နှုတ်ဆက်နေကြပါလေသသည်။

Genius : The SecretTempat cerita menjadi hidup. Temukan sekarang