အပိုင်း - ၁၃

13 3 2
                                    

"ဒါဆို ငါနဲ့ Marcellus က သတ်ကွင်း ကို ဖြေရှင်းဖို့အတွက် ကျမ်းစာမှတ်တမ်းတင်ခန်း ကို သွားလိုက်ဦးမယ်..."

Lavender ပြောသည်အား ထောက်ခံသည့် အနေဖြင့် ကျန်လေးယောက်မှာ ခေါင်းညိတ်ပြလိုက်လေသည်။

Lavender နှင့် Marcellus ကတော့ သူတို့ ရှာတွေ့ထားသည့် လေပိုက်လမ်းကြောင်းမှ ဇကာကို ဖွင့်ပြီးသည်နှင့် ရှေ့ဆင့် နောက်ဆင့် တက်သွားကာ တွားသွားနေကြလေသည်။

တဖြေးဖြေးချင်း တရွေ့ရွေ့ချင်းသွားနေရသည်က ဝုန်းဒိုင်းကြဲမည်ဆိုလျှင်ဖြင့် အခြားသူများ သတိထားမိသွားမှာ စိုးရိမ်ခြင်းဖြစ်လေသည်။

ထို့အပြင် ဇကာကွက်များသည်လည်း တစ်ခုနှင့်တစ်ခု ခပ်ခွာခွာ နေရာတွင် ရှိနေခြင်းကြောင့် အောက်ဘက်မှ မြင်ကွင်းများကိုလည်း သူ့ဟာနဲ့သူတော့ မြင်နိုင်ပါသေးသည်။

ထိုအချိန် အရှေ့တွင် သွားနေသော Marcellus သည်ကား ရုတ်တရက် ရပ်လိုက်ကာ Lavender ကိုလည်း ခဏလောက် ရပ်တန့်ဖို့အတွက် လက်ပြကာ အချက်ပေးလိုက်လေသည်။

Marcellus က အချက်ပြခြင်းကြောင့် Lavender လည်း သွားနေသည်အား ရပ်လိုက်လေကာ တဖြေးဖြေးချင်းဖြင့် Marcellus အောက်ဘက်သို့ ကြည့်နေသည့် နေရာသို့ ကပ်သွားကာ ကြည့်လိုက်သော်....

"*ီးလိုပဲ...."

Lavender တစ်ယောက် လန့်သွားသည်က ထ၍တောင် ဆဲမိသည် အထိပင်။

ဟုတ်ပါသည်။ Lavender တို့ နှစ်ယောက်သား မြင်လိုက်သည်ကတော့ ယဇ်ပူဇော်ဖို့အတွက် ဖမ်းလာသည့် လူများကို အဖြူရောင်ဂါဝန်ကဲ့သို့ အရာများကို ဝတ်ပေးကာ လက်မောင်း တစ်ဖက် တစ်ချက်ကနေ ဆွဲခေါ်သွားသည့် ကြက်သွေးရောင် ခေါင်းစွပ် ဝတ်ရုံနှင့်လူများ....

ထို့ကြောင့် ပြောချင်သည်က အခု မိမိတို့ နှစ်ယောက် ထွက်လာသည်က ပင်မဝင်ပေါက်နားကို ရောက်နေသည်ဟု ပြောနိုင်ခြင်းဖြစ်လေသည်။

Lavender သည်ကား Marcellus အား လက်တို့ကာဖြင့် ဆက်သွားဖို့ အချက်ပြလိုက်လေသည်။

ထို့ကြောင့် Marcellus တစ်ယောက် အရှေ့ကနေ အရင်ဆုံး ပြန်သွားလေပြီး အခန်းတွေကို ဖြတ်သွားလေသည်။

Genius : The SecretМесто, где живут истории. Откройте их для себя