အပိုင်း - ၁၅

13 3 0
                                    

ထိုအချိန် ကြားလိုက်ရသည့် ခြေသံအချို့.....

နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ပြိုင်တူ ကြည့်မိသွားကာ လေဇကာပေါက် ဖွင့်ထားသည့် နေရာသို့ ပြန်သွား၍ လေပိုင်လမ်းကြောင်းထဲသို့ ပြန်ဝင်လိုက်လေသည်။

ထို့နောက် လေဇကာပေါက်ကို ပြန်ပိတ်လိုက်လေကာ တစ်ဖက်က ရုံးခန်းရှိရာသို့ သွားလိုက်လေသည်။

ရုံးခန်း အပေါ်တွင်လည်း လေဇကာပေါက်ရှိခြင်းကြောင့် ထိုလေဇကာ ပေါက်ကနေ ဆင်းမည်အလုပ် ရုံးခန်းထဲသို့ ဝင်လာသည့် လူများကြောင့် Marcellus ကို ဂုတ်ကနေ လှမ်းဖမ်းလိုက်သည့် Lavender ပါလေ။

ထို့နောက် မသွားနဲ့ဦး အောက်ကို ငုံ့ကြည့် ဆိုသည့် သဘောဖြင့် ခေါင်းခါပြပြီး အောက်ဘက်သို့ လက်ညိုးထိုးပြလိုက်လေသည်။

ထိုမှသာ လူတွေကို တွေ့ပြီး ခေါင်းညိတ်သွားသည့် Marcellus....

ဝင်လာသည့် လူများမှာ ကြက်သွေးရောင် ဝတ်ရုံများ နှင့် အနက်ရောင် ဝတ်ရုံကို ဝတ်ထားသည့် ခေါင်းဆောင်ဟု ခန့်မှန်းရလေသော လူတစ်ယောက်....

ထိုလူတွေဟာ ရုံခန်း ၏ အလယ်တွင် ရှိနေသော စားပွဲဝိုင်းကြီး တစ်ခုတွင် ဝင်ထိုင်လိုက်လေပြီး.....

"ကိုယ်စားလှယ်ကြီး.... ကျွန်တော်တို့ နယ်မြေထဲကို ကျူးကျော်သူတွေ ဝင်လာလို့ ဖမ်းလိုက်ပါပြီ....."

ထိုသည်ကို ကြားတော့ လေပိုင်လမ်းကြောင်းထဲက နှစ်ယောက်သား မျက်လုံးတွေ ပြူးသွားကာ တစ်ယောက် နဲ့ တစ်ယောက် ပြန်ကြည့်လိုက်ပြီး မိမိတို့ လူများ မဖြစ်ပါစေနဲ့ဟု ဆုတောင်းနေသော်လည်း....

ထိုဆုတောင်းဟာ မပြည့်လိုက်ပါလေ။

"ဘယ်နှယောက်လဲ..."

ထိုမေးခွန်းကို မေးလိုက်လေပြီး ခေါင်းစွပ်ကို ချွတ်လိုက်သည့် ကိုယ်စားလှယ် ဆိုသည်လူ...

ထိုလူကို မြင်သော် နှစ်ယောက်လုံး ပို၍ပင် အံ့ဩသွားလေသည်။

တကယ်ကို ထိုလူက ခန့်မှန်းထားသည့် အတိုင်းကို Jax Byron ဖြစ်နေလေသည်။

ဟိုတစ်နေ့က ကျောင်းအုပ်ရုံးခန်းတွင် တွေ့မြင်လိုက်သည့် မျက်နှာထားမျိုးနှင့် Jax Byron သည်ကား အတိတ်တုန်းက ဓာတ်ပုံထဲကလိုမျိုး ပြုံးရယ်နေပြီး အပူအပင် ကင်းနေခြင်းမျိုး မဟုတ်လေဘဲ တစ်ခုခုအား စိုးရိမ်နေကာ အသက်မဲ့နေသည့် ခံစားချက်မျိုးဖြင့်...

Genius : The SecretOù les histoires vivent. Découvrez maintenant