အပိုင်း - ၂၅

7 2 0
                                    

ထို ခရင်းခွအား မိမိတို့စီသို့ ပစ်လွှတ်တော့မည် လုပ်လေသော်....

ခြောက်ယောက်သား သတ္တိ ဘယ်လောက် ရှိသလဲ မရှိသလဲ ဆိုရင်ဖြင့် ကိုယ့် ဆိုင်ရာ ပိုင်ရာ ပုဂ္ဂိုလ်များကို ဖက်လိုက်ကြ၍ မျက်လုံးများကို အတင်းအကန်ကို မှိတ်နေကြပါလေသည်။

သို့သော် အချိန်အတော်ကြာသည်အထိကို ဘာမှဖြစ်မလာ၍ မျက်လုံးဖွင့်ကြည့်လိုက်သော် မိမိတို့ အုပ်စုမှာ မသေသေး၍ ဝမ်းသာသွားကြလေသည်။

ထို့ကြောင့် ဘာလို့များ ခရင်းခွကို မပစ်လေသလဲဆိုပြီး ဟိုတစ်ပိုင်း ဒီတစ်ပိုင်း သတ္တဝါ ရှိရာသို့ တစ်ဖန် ပြန်လှည့်ကြည့်လိုက်လေသော်.....

ထိုသတ္တဝါပစ်မည့် ခရင်းခွ အရှေ့တွင် ပိတ်ရပ်ထားသည့် လူနှင့် တူသော သတ္တဝါတစ်ခု....

ထိုသည်အား မြင်သော် ခြောက်ယောက်လုံး မျက်လုံး ပြူးသွားကြလေသည်။

ကျိန်းသေပေါက်ကို လူတစ်ယောက် ၏ ဖွဲ့စည်းပုံနှင့် အတူတူပင် ဖြစ်ပါလေသည်။

သို့သော် မည်သို့ပင် လူတစ်ယောက်က ရေအောက်အနက်ဆုံးအပိုင်းတွင် အသက်ရှင်နေနိုင်လေသနည်း?

ထိုသို့သော မေးခွန်းများစွာဖြင့် ထိုလူအား အပေါ်အောက် စစ်ဆေးကာ ကြည့်မိသော်....

ဟော... တွေ့ပါပြီ။ လည်ပင်းတွင် ပါးဟက်များ ရှိနေခြင်းကြောင့် ဖြစ်ပါလေသည်။

ထို့အပြင် ဟိုတစ်ပိုင်း ဒီတစ်ပိုင်း သတ္တဝါ နှင့် ထိုလူသားတို့သည်ကား တစ်ခုခုကို ပြောနေကြကာ ထိုလူသားလေးက မိမိတို့အား ဝမ်းနည်းသည့် မျက်ဝန်းတစ်စုံနှင့်အတူ လှည့်ကြည့်၍ ပြုံးပြလာလေသည်။

ထိုအပြုံးကြောင့် အမည်မသိသည့် ခံစားချက်သည်ကား နှလုံးသားသို့ ဖြတ်ပြေးသွားလျက်....

ထို့နောက် သူ က တစ်ခုခုကို ပြောပြီး ဟိုတစ်ပိုင်း ဒီတစ်ပိုင်း သတ္တဝါအား တားနေပုံ ရပါလေသည်။

ထိုမှသာပဲ မိမိတို့စီသို့ ချိန်ရွယ်ထားသည့် ခရင်းခွသည်လည်း နေရာရွေ့သွားလေတော့သည်။

ထိုလူကတော့ မိမိတို့စီသို့ တရွေ့ရွေ့ချင်း ကူးခတ်လာနေသလို ကျန်သည့် ရေအောက်ကမ္ဘာသားများကလည်း သူ့အား သိနေသည့် အတိုင်းကိုပင် မိမိတို့ကို တွေ့တုန်းကလိုမျိုး ရန်မပြုကြပါလေ။

Genius : The SecretDonde viven las historias. Descúbrelo ahora