အပိုင်း - ၃၁

7 2 0
                                    

"အင်း ဟုတ်တယ်.... ကိုယ်က ကမ္ဘာ နှစ်ထပ်ထဲက အတွင်းကမ္ဘာရဲ့ အုပ်စိုးသူ တစ်နည်းအားဖြင့် မင်းတို့ လူ့ပြည်မှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ နတ်ဆိုး ၅ ယောက်ထဲက အငယ်ဆုံး The Evil ပဲ...."

ကိုယ့်ကိုယ်ကို မိတ်ဆက်လာတာတောင် ဒီလောက် ချောနေပုံထောက် ထို နတ်ဆိုးအား ပစ်၍ပင် ကြွေချင်လာလေပြီ။

"ဒါနဲ့ ဘယ်လိုလုပ် ဒီကို ရောက်လာကြတာလဲ.... ဘာကိစ္စများ ရှိလို့လဲ..."

"အာ... ဟုတ်သား... ဟို ကျွန်တော်တို့က ဒီကို The Gate of Hell ကနေ တဆင့် ရောက်လာတာပါ..."

"The Gate of Hell.... အင်း... အဲ့ ဝင်ပေါက်က မသုံးတာတောင်ကြာနေပြီပဲ... အတော့်ကို ကြာနေတာ... မင်းတို့ အဲ့ အကြောင်းကို သိချင်ကြလား.... မင်းတို့ အပြင်ကမ္ဘာက သီအိုရီတွေ ရဲ့ အဖြေတွေကိုလေ..."

ခြောက်ယောက်သား ခေါင်းလေးများ တညိတ်ညိတ်ဖြင့်....

"အင်း... The Gate of Hell ဆိုတာက မပေါ်ခင် အရင်ဆုံး ကမ္ဘာနှစ်ထပ် ဖြစ်တည်ပုံကို စပြောကြတာပေါ့....

လောကမှာ မြင်သင့်တာ နဲ့ မမြင်သင့်တာတွေဆိုပြီး ရှိကြတယ်....

ငါတို့ ဂြိုလ်မှာတော့ မြင်သင့်တာတွေကို အပြင်ကမ္ဘာမှာ ထားရှိပြီးတော့ မမြင်သင့်တာတွေကိုတော့ အတွင်းကမ္ဘာမှာ ထားရှိပြီး နေထိုင်ကြတယ်....

အားလုံးက အဆင်ပြေနေခဲ့တယ်... နောက်ပြီး အထက်က အမိန့်နဲ့ အပြင်ကမ္ဘာ ကို ငါတို့တွေ မဆင်းသက်လေဘဲ အတွင်းကမ္ဘာမှာပဲ နေပြီးတော့ အုပ်ချုပ်နေကြတာ....

ငါတို့ အတွင်းကမ္ဘာက သတ္တဝါတွေ အပြင်ကမ္ဘာကို သွားလည်ချင်ကြတယ်ဆိုတဲ့ တောင်းဆိုမှုနဲ့ ငါတို့ ညီအကိုတွေက The Gate of Hell ဆိုတဲ့ အချိန်ပြည့် မီးလောင်ကျွမ်းနေတဲ့ ဝင်ပေါက်တစ်ခုကို ဖန်တီးလိုက်တယ်....

အဲ့ကနေပဲ ဝင်လိုက် သွားလိုက်ပေါ့ကွယ်... The Gate of Hell ကို အချိန်ပြည့် မီးလောင်ကျွမ်းစေတာကလည်း ငါတို့ အတွင်းကမ္ဘာနဲ့ ဆက်သွယ်ထားတယ်ဆိုတဲ့ အချက်အလက်ကို ပြချင်လို့ အမှတ်အသား ပြုထားတာ တစ်ခုပဲ....

အထူးသဖြင့် ငါတို့ အတွင်းကမ္ဘာ နဲ့ အပြင်ကမ္ဘာ ဂိတ်ပေါက် ပွင့်ချိန်ကတော့ အောက်တိုဘာလ ၃၀ ရက်နေ့ပဲ...

Genius : The SecretDonde viven las historias. Descúbrelo ahora