အပိုင်း - ၂၇

8 2 0
                                    

"မစမ်းသပ်ချင်တော့ပါဘူး ဆရာ... အဲ့ဒါမျိုးတွေနဲ့ ပတ်သက်ပြီးတော့ သီအိုရီတွေကိုပဲ ထပ်ပြီးတော့ ထုတ်ကြတာပေါ့.... ဒါတွေကို မမြင်ခဲ့သလိုပဲ နေခဲ့ကြရအောင်လား..."

Lavender ၏ အပြောကို လက်ခံသည့်အလား အစည်းအဝေးခန်းထဲရှိ ဆရာနှင့် Jax အပါအဝင် ဟိုငါးယောက်သည်လည်း ခေါင်းညိတ်လက်ခံကြလေသည်။

"ကဲ... ဒါဆိုရင်ဖြင့် မင်းတို့ မိလာတဲ့ အခုချိန်ထိ မေ့နေဆဲဖြစ်တဲ့ ဟိုကြယ်ငါးလိုလို ဘာလိုလို အကောင်ကရော...

မနေ့က Treyton ပို့လာတဲ့ mail ထဲမှာ ဖတ်ပြီးသွားသလောက်ရတော့....

ငါတို့ ကြားဖူးနေတဲ့ သီအိုရီဖြစ်တဲ့ ငါတို့ အခုနေတဲ့ ကမ္ဘာ မှာ အတွင်းကမ္ဘာတစ်ခု ရှိနေပြီးတော့ အဲ့မှာလည်း လူသားမျိုးနွယ်တွေက နေထိုင်ကြသေးတယ်ဆိုတာကို....

ငါလည်း အဲ့ဒါကို လက်ခံသင့်သလောက် လက်ခံပါတယ်... အဲ့ဒါသာ တကယ်ဆိုရင်တော့ ငါတို့တွေ ယာဉ်ပျံအသစ်ကို ထုတ်ပြီးတော့ မင်းတို့ကို သွားခိုင်းရမှာပဲ..."

သွားခိုင်းမယ် ဆိုသည့်အသံကြောင့် ခြောက်ယောက်သား ခေါင်းငုံ့ထားရာကနေ ခေါင်းတွေ ထောင်လာကြတာ မျက်လုံးတွေ ပြူးကျယ်လာကြလေပြီး ငိုမဲ့မဲ့လေးတွေ ဖြစ်ကုန်ကြလေသည်။

ထိုမျက်နှာလေးများအား မြင်လေသော် Jax တစ်ယောက် ရယ်ချင်သည်အား မနည်းထိန်းထား ရပါလေသည်။

Enzo မှာ ထိုကလေးများကို သနားသော်လည်း အခုလိုမျိုး မခိုင်းထားလျှင် ဒီထက်ပိုဆိုးသည့် ကိစ္စများ ဖြစ်လာပါက ပို၍ပင် ခက်ခဲမည်ကို မလိုလား၍ ထပ်မံ ခရီးထွက်ခိုင်း ရပေဦးမည်။

"သွားဆိုရင်လည်း သွားပြီထားပါဦး.... အတွင်းကမ္ဘာဆိုတာက ကြားပဲ ကြားဖူးတာ ရေအောက်လိုမျိုး လေ့လာမှုတွေ တစ်ခါမှ မယ်မယ်ရရ မလုပ်ထားတဲ့အပြင် ဘယ်အပေါက် ဘယ်ကြားထဲကနေ ဘယ်လို ဝင်ရမယ်ဆိုတာကိုလည်း ဘယ်လိုသိမှာလဲ...."

မသွားနဲ့ဟု ပြောလေမလားဆိုပြီး Nerissa တစ်ယောက် မျှော်လင့်ချက်လေးများဖြင့် အထွန့်တက်မိသော်လည်း Enzo ကတော့ ပြုံးပြုံးကြီး ကြည့်နေကာ...

Genius : The SecretNơi câu chuyện tồn tại. Hãy khám phá bây giờ