"အခုမှပဲ ငါ့အလှည့်ရောက်လာတော့တယ်.... စောင့်ရတာ စိတ်မရှည်တော့ဘူး..."
အနောက်ကနေ ဆိုင်းမဆင့် ဗုံမဆင့် ထွက်လာသည့် Hades အသံကြောင့် နေကြာပန်းကို အာရုံစိုက်နေသည့် သူများအားလုံး လန့်သွားလေတော့သည်။
လက်သစ် Zeus သည်ကား ကိုယ့် ရင်ဘက်ကို ကိုယ့်ဘာသာဖိ၍ Hades အား လက်သံပြောင်စွာဖြင့် တစ်ချက် ရိုက်လိုက်လေတော့သည်။
Hades ကတော့ ဘာမှ မဖြစ်သလိုဖြင့်....
"ဟိုကလေးတွေ ငါ့နောက် လိုက်ခဲ့ကြ...."
ထိုတစ်ခွန်းကိုသာ ပြောလာလေပြီး အရှေ့ကနေ ထွက်ခွာသွားသည့် Hades....
ဟိုခြောက်ယောက်မှာလည်း မနိုင်မနင်း ဖြစ်နေသည့် ပစ္စည်းများနှင့် စာအုပ်များကို သယ်လေကာ အမြန်လိုက်ရပါတော့သည်။
သူတို့လည်း Hades ကို ကြောက်ပါလေသည်။
ထို့နောက် Hades သည်ကား သူ ၏ မြေအောက်နန်းတော်သို့ ခေါ်ဆောင်သွားလေရန် ဓာတ်လှေကားတစ်ခုထဲသို့ ဝင်ခိုင်းလိုက်လေပြီး အောက်ဆုံးတွင် ရှိနေသည့် အနီရောင် ခလုတ်လေးသို့ နှိပ်လိုက်လေသော်....
ဓာတ်လှေကားသည်ကား တစ်နေရာကို ရွေ့သွားဟန်ဖြင့် ရွေ့သွားလေပြီး တစ်ခဏအကြာတွင်တော့ ရပ်တန့်သွားလေကာ ဓာတ်လှေကား တံခါးသည်လည်း ပြန်ဖွင့်လာချိန်တွင်တော့....
ချော်ရည်အပြာရောင် နှင့် အနီရောင်တို့က အတူတည်ရှိနေသော်လည်း တစ်ခုနှင့်တစ်ခု ရောယှက်မသွားသလို အပြာရောင်မီးတောက်တို့သည်လည်း နေရာအနှံ့တွင် ဝဲပျံလျက်....
ဟုတ်ပါသည်။ ထိုသည်ကား Hades ၏ မြေအောက်နန်းတော်ပင် ဖြစ်ပါလေသည်။
"ဘယ်လိုလဲ လှရဲ့လား...."
မိမိတို့ ခြောက်ယောက်ဘက်ကို လှည့်၍ မေးလာသည်ကြောင့် အနည်းငယ် လန့်သွားသော်လည်း မေးလာသည့် မေးခွန်းအတွက်တော့ ခြောက်ယောက်သား ခေါင်းခါပြလေသော် မျက်လုံးကြီး ပြူးလာသည့် Hades ကြောင့် ခေါင်းပြန်ညိတ်မှသာလျှင် ပုံမှန်အတိုင်း ဖြစ်သွားလေသည်။
ဒီလိုအချိန်မျိုးတွင်တော့ အတော်ပင် ကိုယ့်ကိုယ်ကို သနားမိလေသည်။