အပိုင်း - ၉

15 4 0
                                    

"အင်း.... အမှန်တရားက ခါးပေမယ့်လည်း အဲ့အမှန်တရားကို ပြောပြရမယ်ဆိုရင်ဖြင့်....

ဟုတ်တယ်....။ မင်းတို့ ငါးယောက်က The Victoria နိုင်ငံရဲ့ သက်မဲ့ မဟုတ်တဲ့ သက်ရှိ လူသားလက်နက်တွေပဲ...."

"အဲ့ဒါက ဟို ဆေးအဖြူတောင့်တွေနဲ့လည်း သက်ဆိုင်တယ်မလား...."

"အဲ့ဒါကတော့ ဆရာလည်း ဖြေပေးလို့မရဘူး.... သိချင်သပါ့ဆို ကိုယ့်ဘာသာ စုံစမ်းကြပေါ့..."

Enzo နှင့် Lavender တို့ကြားက တင်းမာနေသည့် လေထုကို ဖြိုခွဲရန်အတွက် မေးခွန်းတစ်ခုကို ထမေးလာသည့် Treyton...

"အခု လက်သစ်ဂိုဏ်း က ပေါ်လာတော့ ပြောချင်တာက The Devil ကို ကိုးကွယ်တဲ့ ဂိုဏ်း က မျိုးဆက်ကျန်နေသေးတယ် ဆိုတဲ့ သဘောများလား...."

"အင်း ဟုတ်တယ်... ပုံမှန်ဆို သူတို့ နယ်မြေမှာပဲ ရှိရမှာကို အခုက သူတို့ နယ်မြေတင်မကဘဲ မြို့တော်ပေါ်အထိကို ရောက်လာကြပြီ...."

"ဒါတွေကို ဆရာက ဘယ်လိုသိလဲ...."

Lavender တစ်ယောက် ဇွဲမလျော့စွာဖြင့် ထပ်မံ၍ ဆရာ့ထံမှ စကားနှိုက်ရန် လမ်းခင်းလိုက်လေသည်။

ဆရာကတော့ ခပ်ပြုံးပြုံးနှင့်သာ Lavender ကို ကြည့်လာပြီး....

"Lavender... မနေ့က သူတို့တွေကို မြင်လိုက်တာ မင်း တစ်ယောက်တည်း မဟုတ်ဘူးနော်.... ဆရာလည်း မြင်လိုက်တယ်..."

ထိုသို့ပြောပြီး ထိုင်နေရာကနေ ထရပ်လိုက်သည့် Enzo...

"ကဲ.... ဒီနေ့ကတော့ ဒီလောက်ပဲပေါ့.... အရမ်းများသွားရင်လည်း မင်းတို့ ခေါင်းမူးနေကြဦးမယ်...."

နှုတ်ဆက်စကားပြောပြီးသည်နှင့် ချက်ချင်းပင် The Genius Class ထဲမှ ထွက်သွားသည့် ဆရာ....

လူလေးယောက်က ဆရာ့ နောက်ကျောကို လိုက်ကြည့်နေကြသော်လည်း Lavender ကတော့ ကြမ်းပြင်ကို စိုက်ကြည့်ပြီးတော့သာ တစ်ခုခုကို တွေးနေလျက်....

"Lavender... ဆရာပြောတဲ့ မြင်လိုက်တယ်ဆိုတာက ဘာလဲ..."

ခုနက ဆရာ့စကားကို သိပ်ပြီးတော့ ဘဝင်မကျသည့် Treyton က Lavender အား အမေးပြုလိုက်လေသည်။

Genius : The SecretDonde viven las historias. Descúbrelo ahora