အပိုင်း - ၁၈

12 3 0
                                    

ယနေ့သည်ကား The Genius Class (TGC) ၏ Bermuda Triangle Underwater Mission ၏ ပထမဆုံး ကုန်းမြေကနေ ထွက်ခွာပြီး ရေငုပ်သင်္ဘောဖြင့် ရေအောက်သို့ ဆင်းရမည့် နေ့ဖြစ်လေသည်။

အားလုံးဟာ စိတ်လှုပ်ရှားနေကြသော်လည်း ထိုထဲတွင် Lavender ကတော့ အဆိုးဆုံးပင် ဖြစ်လေသည်။

အကြောင်းသည်ကား Lavender ထံတွင် aquaphobia ရှိနေခြင်းကြောင့် ဖြစ်လေသည်။

အပေါ်ပိုင်း ရေမျက်နှာပြင်ကို တစ်ချက် တစ်ချက် ကြည့်လေပြီး အသက်ရှူခြင်း လုပ်ငန်းစဉ်ကို ပြန်လည်ထိန်းချုပ်နေရင်းဖြင့် အလုပ်များသည့် Lavender သည်ကား ရေကို ဘယ်လိုတောင် ကြောက်သလဲဆိုတာကို မြင်သာနိုင်လေသည်။

Nerissa ကတော့ ဘေးနားကနေ Lavender ၏ ပုခုံးအား ဖက်လာလေပြီး စိတ်လျော့ထားဖို့ မှာကြားနေလေသည်။

"ဒါဆို အားလုံးပြင်ဆင်ပြီးပြီမလို့ ရေငုပ်သင်္ဘောထဲ ဝင်လို့ ရပါပြီ..."

ထိုအသံအား ကြားသော် Lavender တစ်ယောက် ခြေထောက် ခွေကျမတတ် ဖြစ်သွား၍ Nerissa က ဘေးနားကနေ လက်မောင်း ကနေ ဆွဲ၍ ထိန်းထားရလေသည်။

တစ်ယောက်ချင်းစီ ရေငုပ်သင်္ဘောထဲသို့ ဆင်းသွားကြလေသည်။

နောက်ဆုံးတော့ Lavender အလှည့်သို့ ရောက်လာသော် စိတ်တင်းထား၍ သက်ပြင်း တစ်ချက် ချလိုက်လေပြီး ကုန်းမြေပြင်ကို တစ်ချက် ပြန်ကြည့်လိုက်လေကာ ရေငုပ်သင်္ဘောထဲသို့ ဝင်သွားလိုက်လေသည်။

အဖွဲ့ဝင် ခြောက်ယောက်လုံးဟာလည်း ရေငုပ်သင်္ဘောထဲသို့ ရောက်လာသလို ပိတ်ရမည့်အရာများ ၊ ဖွင့်ရမည့်အရာများ အားလုံးဟာလည်း ကိုယ့်အပိုင်းနှင့်ကိုယ် ဆောင်ရွက်ပြီးပါပြီလေ။

ရေငုပ်သင်္ဘောထဲသို့ နောက်ဆုံးပေါ် Ai နည်းပညာ ပါ၍ ထိုသည်ကိုသာ အသုံးပြုဖို့အတွက် ပြင်ဆင်လေသည်။

ထို့အပြင် ရေလမ်းကြောင်းတွင်လည်း ကျွမ်းကျင်သည့် Nerissa ပါလာ၍ Ai အလုပ် မလုပ်ချိန်တွင် လူသား ဖြစ်သည့် Nerissa က မရှိမဖြစ်ကို လိုအပ်ပါသည်လေ။

"Assistant..."

Treyton က Ai အတွက် သီးသန့်ပေးထားသည့် Code name ကို ခေါ်လိုက်သော် စတင်၍ အလုပ်လုပ်လာသည့် Ai...

Genius : The SecretOpowieści tętniące życiem. Odkryj je teraz