အပိုင်း - ၅

15 5 0
                                    

ဖုန်းထဲတွင် alarm အား မနက် ၉ နာရီသို့ ပေးထား၍ alarm သံကြောင့် နိုးလာချိန်တွင်တော့ မနက် ၉ နာရီ ထိုးနေမှန်းကို သိလိုက်သောကြောင့် အချိန်မဆွဲလေတော့ဘဲ ထလိုက်ဖို့ လုပ်ချိန်တွင် မိမိ ကိုယ်ပေါ်သို့ ခြုံပေးထားသည့် စောင်တစ်ထည်ရှိမှန်းကို သတိထားမိကာ တွေဝေနေသည့် Lavender ပါလေ။

ဟုတ်ပါသည်။ တွေဝေရခြင်း အကြောင်းကတော့ မနေ့ညက အိပ်တော့ စောင်တောင် မခြုံနိုင်လေဘဲ ဆိုဖာပေါ်တွင်သာ ခြေဆန့် လက်ဆန့်ကာ တစ်ချိုးတည်း အိပ်ပျော်သွားခြင်း ဖြစ်လေသည်။

ထို့ကြောင့် စောင့်ကို အနည်းငယ် ခန္ဓာကိုယ်ပေါ်ကနေ ဖယ်လိုက်လေကာ ထထိုင်ကြည့်လိုက်သော် မိမိ အတွက် မနက်စာကို လုပ်ပေးနေသည့် မမ ကို မြင်လိုက်ရလေသည်။

ညအိပ်ရာဝင်တိုင်း ၊ မနက်နိုးလာတိုင်း ချစ်ရသူ ၏ မျက်နှာလေးကိုပဲ နောက်ဆုံး နဲ့ အရင်ဆုံး မြင်ချင်သည်ဟု အခြားသူများတွေ ပြောနေသည်က မလိမ်ညာကြောင်းကို Lavender နားလည်လိုက်ပါပြီ။

ကိုယ် နိုးလာချိန်တွင် ကိုယ့်အတွက် မနက်စာပြင်ပေးနေသည့် ချစ်ရသူ ကို ကြည့်ကာဖြင့် ဘာနဲ့မှ မလဲနိုင်သည့် ပျော်ရွှင်မှုမျိုးကို ရရှိလိုက်လေသည်။

"ကဲ.... မမ ရဲ့ အချစ်လေး နိုးလာရင် မျက်နှာလေးသွားသစ်.... ပြီးရင် ဒီမှာ မနက်စာ အသားညှပ်ပေါင်မုန့်လေး စားလိုက်ပါဦးရှင်....

ကျွန်တော်မျိုးမ က အရှင့်အတွက် ကိုယ်တိုင် ပြင်ဆင်ထားတဲ့ စားဖွယ်ကို ဆက်သလိုပါတယ် အရှင်ဘုရား...."

မမ ၏ အပြောကြောင့် Lavender ထရယ်မိသည်က မလွန်လေဘူးမလား။

"ဟား.... ဟား... မမ ရာ ဘယ်လိုတွေ ပြောနေတာလဲ...."

"ဟင်... ဘာဖြစ်လို့လဲ အချစ်လေး...."

အသားညှပ်ပေါင်မုန့် ကို ကိုင်ကာ မိမိ အား မျက်နှာငယ်လေးနှင့် ကြည့်လာသည့် ချစ်စရာကောင်းသူလေးမှာ မိမိ ထက် အသက်ကြီးသည့် ချစ်ရသူလေးဖြစ်ကြောင်းကို သူများတွေ ယုံပေမည်လား.....။

"ဘာဖြစ်ရမှာလဲ.... အရမ်းတွေ ချစ်ဖို့ကောင်းနေလို့..."

"ဟွန့်... သွား.... လူဆိုးလေး...."

Genius : The SecretHikayelerin yaşadığı yer. Şimdi keşfedin