အပိုင်း - ၄၄

9 2 0
                                    

ထိုမီးရောင် ထိုးထားသည့် နေရာသည်ကား တံခါးပေါက်တစ်ခုအဖြစ် ပွင့်လာလေကာ ကြမ်းပြင်ထဲမှ စာအုပ်တစ်အုပ်အား တင်ထားတဲ့ ထောက်တိုင်တစ်ခုက ပေါ်ပေါက်လာလေသည်။

"မင်းတို့လည်း သိထားမှာပါ...

အတ္တလန်တစ်မြို့တော် ကို စတင်ရေးသားခဲ့တဲ့သူက Plato ပဲ...

အဲ့အချိန်တုန်းက ငါတို့တွေကလည်း မူလအတ္တလန်တစ်မြို့တော်မှာ ရှိနေသေးတဲ့အချိန်ဆိုတော့ Plato နဲ့ ဆုံခွင့်ရလိုက်တယ်...

သူက အတ္တလန်တစ်မြို့တော် ကို လမ်းမှားပြီး ရောက်လာရာကနေ စာအုပ်ရေးချင်ပါတယ်ဆိုပြီး ခွင့်တောင်းလာတော့ ကျိန်းသေပေါက်ကို အထက်အရာရှိတွေက ငြင်းပယ်တာပေါ့....

သူက ကြိုးစားပါသေးတယ်... ဒါပေမယ့် ကြိုးစားလို့မရတော့မှန်း သဘောပေါက်သွားလို့လားမသိဘူး....

အတ္တလန်တစ်မြို့တော်ကနေ ထွက်ခွာသွားခဲ့တယ်....

နောက်တော့ ငါတို့ သိလိုက်ရတာက Plato က လက်လျော့သွားတာမဟုတ်ဘဲနဲ့ စာအုပ်ကို ခွင့်ပြုချက်မရှိဘဲနဲ့ ရေးနေခဲ့တာပဲ....

အဲ့ဒါကို အထက်အရာရှိတွေက သိသွားတောာ့ ငါတို့ကို တာဝန်ပေးခဲ့တာက Plato စီကနေ ရေးထားတဲ့ စာအုပ်တွေကို ပြန်သွားယူပြီး ဖျက်စီးဖို့ကို နတ်ဘုရားတွေက အမိန့်ချမှတ်ခဲ့တယ်....

အဲ့အချိန်မှာတုန်းက မူလအတ္တလန်တစ်မြို့တော်က နတ်ဘုရားတွေ နဲ့ အတ္တလန်တစ်မြို့သား အချို့နဲ့က နည်းနည်း ရာသီဥတုမကောင်းတဲ့ အခြေအနေတွေကို ရောက်နေခဲ့တယ်....

ငါတို့တွေက Plato ကြောင့် မူလအတ္တလန်တစ်မြို့တော်ကနေ ထွက်ခွာလာခဲ့ပြီးတော့ Plato ကို သွားရှာကြရတာပေါ့....

ကံကောင်းစွာနဲ့ Plato ကို ရှာတွေ့ခဲ့ပြီး စာအုပ်တွေကို ဖျက်စီးဖို့အတွက် ကောင်းကောင်းမွန်မွန်ပြောနေချိန်မှာ Plato က မဖျက်စီးခဲ့လို့ ငါတို့ကိုယ်တိုင် စာအုပ် သုံးအုပ်လုံးကို ဖျက်စီးဖို့ လုပ်နေချိန်မှာပဲ Plato က ပထမအပိုင်း The Timaeus နဲ့ ဒုတိယပိုင်းဖြစ်တဲ့ The Critias ရဲ့ တစ်ဝက်ကို ယူပြီးတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်....

Genius : The SecretOnde histórias criam vida. Descubra agora