အပိုင်း - ၆

17 5 0
                                    

At The Genius Class....

ဆရာ Enzo မရောက်လာသေး၍ မနက်ပိုင်းအတန်းတက်ပြီးသည့် လေးယောက် နှင့် အခုမှ အတန်းထဲသို့ ရောက်လာသည့် Lavender တို့ ငါးယောက်သာလျှင် အတန်းထဲတွင် ရှိနေလေသည်။

"အေးဟုတ်သား.... Lavender... မင်း ပို့ထားတဲ့ စာကို မြင်ပြီးပြီ... တကယ်သွားမလို့လား..."

ကိုယ့်စာ ကိုယ်ကြည့်နေချိန်တွင် ထမေးလာသည့် Marcellus ၏ အမေးအား Lavender တစ်ယောက် ခေါင်းညိတ်ကာဖြင့် ပြန်ဖြေလိုက်လေသည်။

"ပြီးတာပဲ... သွားချင်သပါ့ဆိုလည်း သွားကြတာပေါ့ကွာ..."

ထိုသို့ဖြင့် ပြန်လည်တိတ်ဆိတ်သွားသည့် စာသင်ခန်း....

ဘယ်အချိန် ဘယ်လိုမျိုးများ စာမေးပွဲ ထ၍ စစ်မည်လဲ ဆိုတာကို သေချာပင်မသိသလို နောက်ဆုံးနှစ် ဖြစ်လာ၍လည်း ပိုပြီးတော့ အရင်နှစ်တွေထက် ခက်ခဲမည် ဆိုတာကို သိနေသည်ကြောင့် ငါးယောက်လုံး စာထဲကိုသာ အာရုံစိုက်ဖြစ်နေဖို့ကိုသာ တွေးနေကြလေသည်။

"ဒါနဲ့.... ဟျောင့်တွေ မင်းတို့ ကျောင်း ရဲ့ မော်ခွန်းတင်ခန်းကို ရောက်ဖူးကြလား...."

ရုတ်တရက်ဆန်လွန်းလှသည့် Hazel ၏ အမေးကြောင့် ကျန်လေးယောက်မှာ စာလုပ်နေရင်းကနေ ခေါင်းထောင်လာကြပြီး အနည်းငယ် စဉ်းစားလိုက်ကာ လေးယောက်လုံးက ခေါင်းခါပြလာလေသည်။

"ဟုတ်တယ်ဟ.... ငါလည်း မရောက်ဖူးဘူး...."

ဟုတ်ပါသည်။ ကျောင်း ၏ သမိုင်းတစ်လျှောက်လုံးကို မှတ်တမ်းတင်ထားသည့် မော်ကွန်းတင်ခန်း ဆိုပြီး ကျောင်းတွင် ရှိနေသော်လည်း ထိုအခန်းသို့ မိမိတို့ ငါးယောက်လုံး မည်သူကမှ မရောက်ဖူးပါလေ။

ထိုသို့ပြောလို့ အခြားသူတွေကရော ဆိုပြီး မေးလာနိုင်ချေ ရှိပါသည်။

အခြားသူတွေဆိုရင် ပိုလို့တောင် ဝေးပါသေးသည်။ တော်ရုံလူဆိုလျှင် မော်ကွန်းတင်ခန်းထဲသို့ ဝင်ရောက်ခွင့်မပေးသလို ဝင်ရောက်လျှင်လည်း လုံခြုံရေးသည်ကား အတော်ပင် တင်းကြပ်ပါလေသည်။

အရင်နှစ်တွေတုန်းကသာ မော်ကွန်းတင်ခန်း နှင့် ပတ်သက်၍ ဘာကိုမှ သိပ်ပြီး စိတ်မဝင်စားခဲ့သော်လည်း ထူးဆန်းစွာဖြင့် ထိုမော်ကွန်းတင်ခန်း ထဲမှ အကြောင်းအရာများကို ရုတ်တရက်ကြီး သိချင်လာကြလေသည်။

Genius : The SecretHikayelerin yaşadığı yer. Şimdi keşfedin