အပိုင်း - ၁၆

12 3 0
                                    

နားထဲသို့ ဝင်လာသည့် အသံသည်ကား....

"အခုချက်ချင်း ဒီအခန်းထဲမှာ ရှိသမျှ ငါတို့ဘက်က မဟုတ်တဲ့ လူတိုင်းကို သတ်ပြစ်.... ဒါငါ့အမိန့်ပဲ!!!"

ထိုအသံကို ကြားသော် အစွန်းရောက် ဘာသာရေးဂိုဏ်းဝင်များသည်လည်း ရွတ်ဆိုနေသည့် မန္တန်များကို ရပ်တန့်သွားလေကာ အသံကြားရာစီသို့ ကြည့်လိုက်သော်...

အသက်မဲ့နေသည့် မျက်ဝန်းများဖြင့် Jax Byron အား စိုက်ကြည့်နေသည့် Enzo Peterson...

ထို့အတူ ယဇ်ပလ္လင်ပေါ်တွင် ကြိုးများ ပြတ်တောက်နေသည့် လူခြောက်ယောက်ထဲမှ ငါးယောက်သည်ကား မျက်စံတို့က အဖြူရောင်ဘက်သို့ ပြောင်းသွားလေကာ ထိုလူငါးယောက် ၏ လက်ထဲသို့ ဘယ်ကမှန်းမသိသည့် ဓားငါးချောင်းသည်ကား ရောက်ရှိလာလေသည်။

ထိုလူငါးယောက်သည် အသိစိတ်မဲ့နေသည့် သားရဲများအလား....။

ထူးဆန်းသည့် မျက်လုံးပုံစံဖြစ်သွားသည့် Hazel အား ဘေးနားကနေ သတိပေးနေသည့် Zeke...

"အချစ်... မောင့် အချစ်... သတိထားလေကွာ... လှုပ်၍ နှိုးနေသော်လည်း ထိုမျက်စံဖြူသည်ကား ပြောင်းမသွားပါချေ...."

Hazel သည်ကား Zeke ကို တစ်ချက် လှည့်ကြည့်လာလေကာ စွဲကိုင်ထားသည့် လက်တို့အား တွန်းထုတ်လိုက်လေသည်။

ထို့နောက် မျက်စံအဖြူနှင့် လူငါးယောက်သည်ကား ခန်းမထဲမှ လူတိုင်းကို လိုက်လံ သတ်ဖြတ်တော့လေသည်။

သို့သော် ထိုထဲတွင်တော့ အဖမ်းခံထားရသည့် သူများနှင့် သူတို့အား အမိန့်ပေးသည့် လူ ကတော့ မပါချေ။

မထင်ထားသည့် လုပ်ရပ်အား လုပ်လာသည့် ကလေးငယ်ကြောင့် Jax မှာ နားမလည်သည့် မျက်ဝန်းများဖြင့် ကြည့်မိလိုက်လေသည်။

"ဘယ်လိုလဲ ဦးငယ်... သား ကို ယုတ်မာတယ်လို့ ပြောမလို့လား..."

ပုံမှန်အချိန်တွင် တစ်ခါမှ မကြားဖူးသည့် အသုံးအနှုန်းများဖြင့် ပြောလာသည့် Enzo သည်ကား Jax နှင့် သူ ၏ ကြားတွင် နက်နဲသည့် ဆက်ဆံရေးက တည်ရှိနေပုံပင်။

"အင်း... မင်း သိပ်ယုတ်မာသွားပြီ ကလေးငယ်..."

"ဟက်... အဲ့လို ယုတ်မာနိုင်တာက..... ဦးငယ်စီကနေ သင်ယူခဲ့တာလေ...."

Genius : The Secretحيث تعيش القصص. اكتشف الآن