အပိုင်း - ၄၂

8 2 0
                                    

"ဘာလဲ.... Hera ပြီးသွားပြီလား.... အဲ့ဒါဆို ကိုယ့်အလှည့်ပေါ့...."

ခုံတစ်ခုံတွင် ဝင်ထိုင်ကာဖြင့် ခပ်ပြုံးပြုံးလေး ပြောလာသည့် နေရောင်ခြည် အပြုံးပိုင်ရှင်လေး Apollo ပါလေ။

"ဒီအဆောက်အအုံထဲမှာ နေရတာ မွန်းကြပ်နေမှာပေါ့... လေကောင်းလေသန့် ရတဲ့ တစ်နေရာကို သွားကြမယ်..."

ထိုသို့ပြောလေပြီး ခပ်ပြုံးပြုံးဖြင့် အရှေ့ကနေ ထွက်သွားသည့် Apollo...

အချိန် အနည်းငယ်ကြာလေသော် နေကြာပန်းခင်းကြီး တစ်ခုအရှေ့တွင် ရပ်တန့်လိုက်သည့် Apollo....

"မင်းတို့ ခုနက မြင်ခဲ့ရတဲ့ နေကြာပန်းခင်းတွေက metal တွေကို စုပ်ယူပြီး မြေသန့်စင်ဖို့အတွက် စိုက်ပျိုးထားတဲ့အတွက် စားသုံးလို့မရဘဲ အဆိပ်အပင်တွေအဖြစ်ကို ပြောင်းလဲ သွားတာလေ...

အခုတော့ ဒီ နေကြာပန်းလေးတွေက အဲ့လိုမဟုတ်ဘူး...

စကားသုံးဖို့အတွက်ရယ်... နောက်ပြီး ကိုယ့်ကို မျှော်ငေးနေဖို့အတွက်ရယ် အဓိက စိုက်ထားတာ..."

ထွက်ပေါ်နေသည့် နေမင်းကြီးဘက်သို့သာ လှည့်နေသည့် နေကြာပန်းများသည်ကား နေမင်းကြီးအပေါ်တွင် တကယ်ကို သစ္စာစောင့်သိသည့် အမူအရာအပြည့်ပင်။

သို့သော် နေကြာပန်းခင်းကြီးထဲက နေကြာပန်းတိုင်း က နေမင်းကြီးဘက်ကို မျက်နှာမူနေသော်လည်း တစ်ပင်တည်းသော နေကြာပန်းပင် က နေထွက်ရာဘက်ကို မျက်နှာမမူလေဘဲ လမင်းဘက်ကိုသာ မျက်နှာမူနေလေသည်။

"ဟိုနေကြာပန်းပင်က ဘာလို့များ နေမင်းဘက်ကို မလှည့်တာလဲ...."

Hazel တစ်ယောက် ထိုပန်းပင်ကို အမှတ်မထင် မြင်လိုက်ရ၍ ထိုအပင်အား ညွှန်ပြကာ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

Hazel ညွှန်ပြသည့် နေရာသို့ Apollo က ကြည့်လိုက်လေသော် အနည်းငယ် ပြုံးလိုက်လေသည်။

"လောကမှာ ဘယ်အရာကမှ တစ်သတ်မတ်တည်းကြီး မဖြစ်နိုင်သလို တချို့ လောကရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီးတော့ဖြစ်ဖြစ် ကိုယ့်မှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်....

Genius : The SecretDonde viven las historias. Descúbrelo ahora