အပိုင်း - ၃၅

7 2 0
                                    

"ငါတို့ အခုသွားမယ့် ကမ္ဘာဂြိုလ် ရဲ့ အပြိုင်ဂြိုလ် က... အင်း... ငါတို့ အခေါ်နဲ့ဆိုရင်တော့...

Atlantic The II (Atlantic The Second) Planet - AT2P ပဲ..."

ထိုသို့ တစ်ခွန်းကိုသာပြောလေပြီး ချက်ချင်းပင် အနီရောင်ခလုတ်အား နှိပ်လိုက်လေသော် ခြောက်ယောက်သား ပြင်ဆင်ချိန်တောင် မရလိုက်လေဘဲ ယာဉ်ပျံသည်ကား အရှိန်အပြည်နှင့် Black Hole ထဲသို့ တွန့်ဆုတ်မှု မရှိလေဘဲ တရှိန်ထိုး ပစ်ဝင်သွားပါလေတော့သည်။

အမြန်ပင် ကိုယ့်ခုံ ကိုယ်တွင် ထိုင်လိုက်လေပြီး ခါးပတ်ကို ပတ်လိုက်ရလေသည်။

အရှိန်အမြင့်ထဲတွင် လှုပ်ရှားမှုအား ပြုလုပ်လိုက်ရ၍ အားအင်တို့သည်ကား ကုန်ခမ်းသွားသလို ခံစားသွားရကာ လှုပ်ပင် မလှုပ်နိုင်တော့ချေ။

Black Hole အဝသို့ လာခဲ့တုန်းကလိုမျိုး ခေါင်းတို့သည်ကား မူးဝေလာလေပြီး အသိစိတ်ကလည်း တစ်ဖန်ပြန်လည်ကာ လွတ်ချင်လာလေပြီ။

အပြင် အသံလုံစနစ်အား ပြန်လည် မပိတ်ထား၍ Black Hole ၏ ကြောက်လန့်ဖွယ်အသံသည်ကား ပို၍ပင် ကျယ်လောင်စွာ ထွက်ပေါ်လာလေပြီး လူသားများအတွက်တော့ နားအူသွားသည်ထက်ကို ပိုနေလေပြီ။

အသိကပ်သေးချိန်တွင်တော့ ဘေးပတ်ဝန်းကျင်ကို ရအောင်တော့ ကြည့်လိုက်ပါသေးသည်။

Black Hole ၏ အတွင်းပိုင်းသည်ကား မည်မျှလောက်တောင် လှပနေမည်လဲဆိုတာကို သိချင်ပါသေးသည်။

ထို့ကြောင့် အားတင်း၍ ဖွင့်ကြည့်လိုက်လေသော် အမဲရောင်မြင်ကွင်းသည်ကား မျက်လုံးထဲတွင် အတိုင်းသားပေါ်လာလေပြီး ထို အမဲရောင်မြင်ကွင်းထဲတွင် ရွှေရောင်လိုင်းလေးများက ရောယှက်ပါဝင်ကာ ကြည့်ကောင်းနေပါလေသည်။

အမဲရောင်မြင်ကွင်းတွင် ရွှေရောင်တို့အား ထင်းလင်းစွာ မြင်နေသည်ကား တစ်မျိုး လှပနေပါလေသည်။

သို့သော် သတိသည်ကား တဖြေးဖြေး ပျောက်ကွယ်လာချိန်တွင် အမြင်အာရုံဟာလည်း ဝေဝါးလာလေကာ နောက်ဆုံး သတိမေ့ခါနီး အချိန်တွင်တော့ မိမိ လက်အား တစ်ယောက်ယောက်က ဆုပ်ကိုင်လာသည်ကိုပဲ သတိရလိုက်လေသည်။

Genius : The SecretWhere stories live. Discover now